Skip to main content

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ယင်းမာပင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများနှင့် နှာခေါင်းစည်းများပေးအပ်

နေပြည်တော် ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက ယင်းမာပင်မြို့နယ် စစ်မှုထမ်းဟောင်းအိမ်ရာရှိ အောင်ဇေယျ ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အမှာစကားပြောကြားပြီး စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများနှင့် နှာခေါင်းစည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်