ရန်ကုန် ဇွန် ၁၅
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်များ ပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ဇွန် ၁၅ ရက် နံနက် ၁၀နာရီက အဆိုပါ ဖောင်ဒေးရှင်းရုံးခန်းမ၌ ကျင်းပရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေ (စာရေးဆရာ မောင်ဆွေသက်)၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (စာရေးဆရာ၊ ကဗျာဆရာ မြင်းမူမောင်နိုင်မိုး)၊ ဗဟိုအမှုဆောင် ကော်မတီဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အလှူရှင်ဦးကျော်ခင်မြင့် (မောင်ရင့်ကျူး - မြောင်းမြ)က ကိုယ်တိုင်ရေးစာအုပ်ရှစ်မျိုး အုပ်ရေ ၁၉၁၁ အုပ်တန်ဖိုး ငွေကျပ် ၃၈ သိန်းကျော်ကိုလည်းကောင်း၊ စာရေးဆရာ မင်းရိုးယဉ်က ကိုယ်တိုင်ရေးစာအုပ်လေးမျိုးနှင့် မဂ္ဂဇင်းစာအုပ် ၁၃ဝ တန်ဖိုးငွေကျပ် နှစ်သိန်းကျော်ကိုလည်းကောင်း၊ ဒေါ်သဇင်မြင့်၊ ဒေါ်လှယဉ်မြင့်တို့က ဖခင်ဖြစ်သူ ဝိဇ္ဇာဘွဲ့ရရဲထွဋ်လှရေးသားသည့် လူရည်လူသွေး စာအုပ် ၆၀ တန်ဖိုးငွေကျပ် ၁၈၀၀၀၀ ကို လှူဒါန်းရာ အသင်းဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယနေ့လှူဒါန်းသည့် စာအုပ်အရေအတွက်မှာ ၂၁၀၁ အုပ်ဖြစ်ပြီး တန်ဖိုးမှာ ငွေကျပ် ၄၂၅၈၅၀၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်