Skip to main content

ဖြတ်သန်းပြီးမြောက်ခဲ့သည့် လေးလတာခရီး

ကနောင်

(ယမန်နေ့မှ အဆက်)

ရွေးကောက်ပွဲကော်မရှင်ခြေလှမ်းစိပ်စိပ်

မေလ ၁ ရက်မှ ၁၀ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ သတင်းထုတ်ပြန်ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူနှင့် ဝက်လက် မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ရေး၊ ချောင်းဆုံနှင့် သံဖြူဇရပ်၊ ချင်း ပြည်နယ် တီးတိန်နှင့် တွန်းဇံ၊ မကွေး တိုင်းဒေသကြီး မြို့သစ်နှင့် မြိုင်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်။ တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်း၊ ကျွန်းစုနှင့် လောင်းလုံ စသည့်မြို့နယ် များ၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲ လက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးနိုင်ခဲ့သည်။

ထို့အတူ မေလ ၁၁ ရက်မှ ၂၀ ရက် အတွင်း ရှမ်းပြည်နယ် တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရွာငံ၊ ပင်လောင်း၊ ကွမ်းလုံနှင့် တန့်ယန်း၊ မကွေးတိုင်းဒေသ ကြီး ပခုက္ကူ၊ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ၊ စလင်းနှင့် မင်းတုန်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်၊ ကြံခင်း၊ မအူပင်၊ ပန်းတနော်၊ ညောင် တုန်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင် ကျွန်း၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံ ပျော်၊ ဖျာပုံ၊ဘိုကလေး၊ ဟင်္သာတ၊ ဓနုဖြူ၊ လေးမျက်နှာ၊ အင်္ဂပူနှင့် ဇလွန် စသည့် မြို့နယ်တို့တွင် မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးနိုင်ခဲ့သည်။

ထို့အတူ မေလ ၂၁ ရက်မှ ၃၁ ရက် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ တမူး၊ ကောလင်း၊ ကလေးဝနှင့် မင်းကင်း၊ ရှမ်းပြည်နယ် ကုန်းကြမ်း၊ ကျေးသီး၊ သီပေါ၊ ပင်းတယ၊ ဖယ်ခုံ၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုးနဲ၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မဘိမ်း၊ မက်မန်း၊ မိုင်းတုံ၊ မူဆယ်၊ ကွတ်ခိုင်၊ မိုင်း ခတ်၊ ကျိုင်းတုံ၊ မိုင်းရယ်၊ ဆီဆိုင်၊နမ့်စန်၊ မိုင်းပျဉ်း၊ ဟိုပုံး၊ လွိုင်လင်၊ ရပ်စောက်၊ ( တာချီလိတ်နှင့် မိုင်းဖြတ်၊ ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ ထီးချိုင့်၊ ဝန်းသို၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကသာ၊ အင်းတော်၊ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ မော်လိုက်နှင့် ဖောင်းပြင်၊တနင်္သာရီတိုင်း ဒေသကြီး မြိတ်၊ ပုလော၊ သရက်ချောင်း နှင့် ရေဖြူ၊ ရှမ်းပြည်နယ် လားရှိုး၊ လင်းခေး၊ လဲချား၊ ဟိုပန်၊ နမ့်ခမ်း၊ လောက်ကိုင်နှင့် မိုင်းယောင်းမြို့နယ်တို့ ၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲ လက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မေလ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ် ၄၅ မြို့ နယ်၊ မေလ ၁၄ ရက်တွင် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀မြို့နယ်၊ မေလ ၁၅ ရက်တွင် ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲကျင်းပ နိုင်ခဲ့သည့် မြို့နယ် ၈မြို့နယ်၊ မေလ ၁၆ ရက်တွင် ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်နှင့် မေလ ၂၄ ရက်တွင် မကွေး တိုင်းဒေသကြီးရှိ မြို့နယ် ၂၅ မြို့နယ်တို့ ၏ မဲပေးခဲ့မှုအခြေအနေများကို ပွင့်လင်း မြင်သာစွာ သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်။ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် မဲပေးခဲ့မှု အခြေအနေများသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်း ဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။

လူမှုဘဝမြှင့်တင်ရေးအတွက် ဆောင်ရွက်ချက်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မေလ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာ၌ ယခုအချိန်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားရမည့်အချိန် ဖြစ်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပြီး နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား သုံးပွင့်ဆိုင် လက်တွဲကြိုးပမ်း အကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး အမြန်ဆုံး ပြန်လည်အားကောင်းလာမည် ဖြစ် ကြောင်းနဲ့ ပြည်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက်မြင့်မားလာပြီး တည်ငြိမ်အေးချမ်းသော ဝန်းကျင်တစ်ခု ဖြစ်ထွန်းစေရေးကို အလုပ်သမားထုကြီး ထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် အလေးအနက်ထား တိုက်တွန်းပြော ကြားခဲ့သည်ကို မြင်တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေလ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် မိုးကောင်းလမ်းမ ပေါ်တွင် ရှိသော မိုးကောင်းရတနာ မိခင် နှင့် ကလေးဆေးရုံနှင့် မြ၀တီမီဒီယာ စင်တာတို့ကို တက်ရောက်ဖွင့်လှစ်ပေး ပြီး မိမိတို့ပြည်သူများအနေဖြင့် ကျန်းမာ ရေး ဝန်ဆောင်မှု ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများသို့သွားရောက်ဆေးကုသ ခံယူမှု ဈေးကွက်ကို အစားထိုးနိုင်ရန် အတွက် အဆိုပါ ဆေးရုံကြီးကို တည်ဆောက်ခဲ့ကြောင်းနှင့် နိုင်ငံရပ်ခြား တွင် ဆေးကုသမှုခံယူပါက ကြုံတွေ့ရ မည့် ဘာသာစကား အခက်အခဲ၊ ဆရာ ဝန်များနှင့် အရေးပေါ်ချိတ်ဆက် ဆွေး နွေးမှု အခက်အခဲများ မဖြစ်ပေါ်စေရန်၊ ဒေသတွင်း ပြည်သူလူထုအနေဖြင့် နိုင်ငံတကာအဆင့်မီ ဆေးကုသမှု ခံစား နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးအဖြစ် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မြဝတီမီဒီယာစင်တာကို ဖွင့်လှစ်ပေးခဲ့ပြီး သတင်း၊ စာပေ၊ ရုပ်ရှင်၊ သီချင်း၊ ဂီတ၊ ရုပ်မြင်သံကြားများ အကျုံး ဝင်သည့် မီဒီယာလုပ်ငန်းများသည် နိုင်ငံ တစ်ခုအတွက် အမျိုးသားယဉ်ကျေးမှုနှင့် အမျိုးသား အကျိုးစီးပွားအတွက် များစွာ အထောက်အကူပြုစေနိုင်သည့် အင်အား စုကြီးဖြစ်သည့်အတွက် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် မီဒီယာသည် ဒီမိုကရေစီစနစ် အတွက် ဖော်ထုတ်ရေးသား ပြောဆိုခွင့် ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဓိကကျ ပြီး ပြည်သူတစ်ဦးချင်းစီအတွက်လည်း သိသင့်သိထိုက်သည့် ဗဟုသုတများ ဖြန့် ဝေခြင်းဖြင့် အစိုးရ၏ပွင့်လင်း မြင်သာမှု ကိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ပါ ကြောင်း မြဝတီမီဒီယာစင်တာဖွင့်ပွဲ အခမ်းအနားအတွင်း ထည့်သွင်းပြော ကြားခဲ့သည်ကိုလည်း သိရှိခဲ့ရပါသည်။

မြဝတီမီဒီယာစင်တာဖွင့်လှစ်ခြင်း အားဖြင့် နယ်ပယ်စုံမှ အနုပညာသမား များနှင့် မီဒီယာသမားများအားလုံး အချက်အချာကြသည့် တစ်နေရာတည်း တွင် အဆင့်မြင့် နည်းပညာသုံး ရိုက်ကူး ရေးနှင့် အသံဖမ်းစတူဒီယိုများ ထည့်သွင်းရမ်းခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရိုက်ကူး၊ ထုတ် လွှင့်တင်ဆက်မှုများကို နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ ခြင်းများကိုလည်း ယခုလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး တို့တွင် ထောက်ပံ့ပေးအပ်မှုများ အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ခဲ့ သည်ကိုလည်း အားရဖွယ်မြင်တွေ့ရ သည်။ ထို့အတူ သင်တန်းကျောင်း များရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေး သူငယ်များ စိစစ်ရေးလုပ်ငန်း လမ်းညွှန် (မူကြမ်း)နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၁၉ ရက်တွင် ကျင်းပခဲ့ပြီး သက်ဆိုင်ရာသင်တန်း ကျောင်းများအလိုက် ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော ကလေးသူငယ်များ စိစစ်ရေး ကော်မတီများ စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းခြင်းဆိုင်ရာနှင့် ကလေးသူငယ် များ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ ဝိုင်းဝန်းဆွေးနွေး အကြံပြု ခဲ့ကြ သည်ကိုလည်း မြင်တွေ့ရသည်။ မေလ ၅ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မီးသတ်တပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ နှင့် ဆန်၊ ဆီ၊ ကုလားပဲ၊ ဆားစသည့် စားနပ်ရိက္ခာများ ပေးပို့ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးသွားမည့် စီမံချက်များအရ မေလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပန်းခင်းစီမံ ချက်ကို အင်တိုက်အားတိုက် ဆောင်ရွက် နေကြပြီဖြစ်သည်။

မြန်မာ - ထိုင်း ရွှေ့ပြောင်းသွားလာ ခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေး သူငယ်များ အကာအကွယ်ပေးခြင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး ဆွေးနွေးပွဲကို မေလ ၁၂ ရက်က ကျင်းပ ရာ နားလည်မှုစာချွန်လွှာ နှစ်နိုင်ငံ အဆင့် MoU လက်မှတ်ရေးထိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေ အနေနှင့် လက်မှတ်ရေးထိုးပြီးပါက နှစ်နိုင်ငံလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရာတွင် ပိုမိုစနစ်ကျ လျင်မြန်စေရန် Standard Operational Procedure (SOP) ကို ဆက်လက်ရေးဆွဲသွားမည် ဖြစ်ပြီး မြဝတီ - မဲဆောက်နှင့် ကော့ သောင်း - ရနောင်းတို့တွင် ရှေ့ပြေး စီမံ ကိန်းများကို စတင်ပူးပေါင်း ဆောင်ရွက် သွားရန် သတ်မှတ်ရွေးချယ်ထားပြီးဖြစ် ကြောင်း သိရသည်။

ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေး အလေးပေးဆောင်ရွက်လျက်ရှိ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန် ချက်ကို မေ ၃၀ ရက်စွဲဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ သည်။ ထုတ်ပြန်ချက်အတွင်း တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင် ရွက်နိုင်ရေးနှင့် ယခုကာလသည် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်သည့်ကာလ ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက် ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေး လှုပ်ရှားမှုများကို ဇွန်လ ၁ ရက်မှ ၃၀ရက် အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွား မည်ဟု ပါရှိပါသည်။

အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေး ကော်မတီ (NSPNC) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)တို့ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို မေလ ၁၃ ရက် က အမျိုးသားစည်း လုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီဝင်များ၊ ကော်မတီအတွင်းရေး မှူးနှင့် လုပ်ငန်းကော်မတီဝင်တို့ တက် ရောက်ခဲ့ကြပြီး ရခိုင်ပြည် လွတ်မြောက် ရေးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ (၃) ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ကြ သည်။ အစည်းအဝေးတွင် ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီများ ဖွဲ့စည်းအကောင်အထည် ဖော် ဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြားပြီး ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)မှ တာဝန်ရှိသူများက ငြိမ်း ချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ ရပ်များကို တင်ပြကြရာ ညှိနှိုင်းရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဟု သတင်း၌ ဖော်ပြပါရှိ သည်။

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် မေလ ၁၂ ရက်က မြို့ တိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့် အဖွဲ့အား တွေ့ဆုံခဲ့ပြီး မြို့ တိုင်းရင်းသားစာပေအား အခြေခံ ပညာကျောင်းများတွင် တရားဝင် သင်ကြားခွင့်ရရှိနိုင်ရေး၊ တိုင်းရင်းသား ဘာသာသင် နေ့စားလပေး (TA/ LT) ဆရာ/ ဆရာမများ ခန့်ထားပေးနိုင်ရေး၊ မြို့ တိုင်းရင်းသား စာပေကိစ္စများ၊ တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနိုင်သည်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး

မတရားအသင်းကြေညာထားသော NUG အမည်ခံပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော်ကော် မတီ တို့၏ ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက် သူများက နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း ( သာယာရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်နေမှုများကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၄ ရက် ညပိုင်းမှစတင်၍ ယနေ့အထိ နေ့ညမပြတ် ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိသည်ကို မြင်တွေ့ ရသည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သော ပညာရေး ဝန်ထမ်းများအား လှုံ့ဆော်ခြင်း၊ ပါဝင် လုပ်ဆောင်ခြင်း၊ ထောက်ခံအားပေးခြင်း၊ မတရားအသင်းများအား ထောက်ခံခြင်း တို့ကိုဆောင်ရွက်လျက်ရှိသောပညာရေး ဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြု များ၊ အနုပညာရှင်များကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်နေမှုများကို မေလအတွင်း ဆက်လက် ဖော်ထုတ်လျက်ရှိသည်ကို မြင်တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား အနောက်မြောက်တိုင်းစစ် ဌာနချုပ်နယ်မြေဖြစ်သည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးရန်အတွက် စစ်အုပ် ချုပ်ရေးအမိန့် ၄/၂၀၂၁ နှင့် ၅/၂၀၂၁ ကို မေလ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်ကို မြင်တွေ့ရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ညှိနှိုင်း အစည်းအဝေးကို မေလ ၂၁ ရက် တွင်ကျင်းပရာ နိုင်ငံရေးပါတီများက တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကိစ္စ ရပ်များတွင် ကော်မရှင်အနေဖြင့် ထောက်ပံ့ကူညီပေးရေး၊ ရွေးကောက်ပွဲ စနစ် ပြောင်းလဲကျင့်သုံးရေးနှင့် ကျင့်သုံး ရာတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် စနစ်ဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက် သွားရေး၊ တည်ဆဲဥပဒေများ ချိုးဖောက် ၍ မဲမသမာမှုဆောင်ရွက်ခဲ့သည့် ပါတီ အားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ရေးနှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေး အကြံပြု ကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်ကို မြင်တွေ့ရသည်။

မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ချက် အကြောင်းအမျိုး မျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ဖိတ်ခေါ်သည့် သတင်းထုတ်ပြန်ချက် တစ်စောင်ကို လည်း မေလအတွင်းမှာပင် ထုတ်ပြန်ခဲ့ သည်။ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ် များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့ နိုင်ငံသားများသည် EAO များ တည်ရှိရာ နေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ် စိတ်များဖြင့် တိမ်းရှောင်နေရသည့် အတွက် လုံခြုံရေးအာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေခက်ခဲမှုတို့ နှင့် ရင်ဆိုင်နေရသဖြင့် ၎င်းတို့ ဒေသ အသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်သွားမည် ဖြစ်ခြင်းကြောင့် အကြောင်းအရာတစ်မျိုးမျိုးဖြင့် ပြစ်မှု ကျူးလွန်ထားသူများမှအပ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏နေရပ်များသို့ ပြန်လည် ဝင်ရောက်လိုပါက ဥပဒေအရ အရေးယူမှု မရှိဘဲပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ် ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပြည်ပ ရောက်နိုင်ငံသားများအနေဖြင့်သက်ဆိုင် ရာသံရုံး၊ စစ်သံရုံး၊ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်သတင်း ထုတ်ပြန်ထားပါသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို အဖွဲ့မှ မေလ ၈ ရက်နေ့ ရက်စွဲဖြင့်

ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မတရားအသင်း “NUG” နှင့် “PDF"တို့၏ လှုံ့ဆော်အားပေးမှုကြောင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့ဟု အမည်တပ်ကာ လက်နက်ကိုင် အကြမ်းဖက်သည့် လုပ်ဆောင်မှုများ ပေါ်ပေါက်လာခဲ့ရာ ယင်းအဖွဲ့များ၏ “CDM” ပြုလုပ်ရန် လှုံ့ဆော်ခြင်း၊ “CDM” မပြုလုပ်သူများကို ခြိမ်းခြောက်ခြင်း၊ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာဆရာမများ အား ကျောင်းမတက်ရန် လှုံ့ဆော်ခြင်း၊

ကျောင်းတက်သူများကို ခြိမ်းခြောက် ခြင်း၊ အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံခြင်း၊ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ရန် အားထုတ် လျက်ရှိခြင်းတို့သည် အကြမ်းဖက်မှုများ တွင် အကျုံးဝင်သဖြင့် မတရားအသင်း အဖြစ် ကြေညာထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ယင်းက စည်းထားသော အမျိုးသားညီညွတ်ရေး 308: (National Unity GovernmentNUG) ယင်းကဖွဲ့စည်းသည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (People Defence Force-PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာလိုက်ခြင်းဖြစ်ပါသည်။

ဝမ်းမြောက်ဖွယ်သတင်းကောင်း

၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၂၆ ရက်မှစတင်၍ စက်တင်ဘာလ ၃၀ ရက်အထိ ဒေသ အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများ အားလုံးတွင် ထုတ်ချေးပေး မည်ဖြစ်ကြောင်း အသိပေးကြေညာချက် တစ်စောင်ကို မေလ ၂၀ ရက်ထုတ် သတင်းစာများ၌ ဖော်ပြပါရှိသည့်အပြင် ကိုဗစ်-၁၉ကြောင့် ၂၀၂၀ ပြည့်နှစ်မိုးရာသီ ချေးငွေများပေးဆပ်ရန် အခက်အခဲရှိ သည့် တောင်သူများကို ဧပြီ ၁၅ ရက် အစား ဇူလိုင်လ ၃၁ ရက်အထိ တိုးမြှင့် ပြင်ဆင်ဖြေလျှော့ပေးထားကြောင်း သိရ သဖြင့် တောင်သူများအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်းတစ်ရပ် ပင်ဖြစ်ပါသည်။

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက်

အစဉ်ကြိုးပမ်း ထို့အတူ တိုင်းပြည်အတွက် ရသင့် ရထိုက်သည့် အခွန်အခများ ရရှိစေရေး၊ အခွန်ပေးဆောင်မှု လွယ်ကူစေရေး အတွက် Online Payment စနစ်ဖြင့် ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ မေ ( ၁ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အကောက်ခွန်ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

မိုဘိုင်းအင်တာနက် အသုံးပြုမှု ယာယီပြတ်တောက်မှုများ မေလအတွင်း ပြန်လည်ကောင်းမွန်လာခဲ့သဖြင့် ဘဏ် နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင် ခဲ့သည်ကိုလည်း ဝမ်းမြောက် ဖွယ် မြင်တွေ့ရမည် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ( မေလ ၃ ရက်တွင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့အဖြစ် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး ထိုကဲ့သို့ ပြင်ဆင်ပေးလိုက်သဖြင့် ဌာန အတွင်းရှိ လုပ်ငန်းဆောင်ရွက်မှု များ ပိုမို မြန်ဆန်ထိရောက်တော့မည်ဖြစ်သည်။

ပြည်တွင်းတွင် စီးပွားရေးလုပ်ငန်း များ လုပ်ကိုင်ရာ၌ လိုင်စင်များ၊ ပါမစ် များ၊ ထောက်ခံချက်များအတွက် အခက် အခဲနှင့်ကြန့်ကြာမှုများမဖြစ်ပေါ်စေရေး အတွက်ဖြေလျှော့မှုများ ဆောင်ရွက်သွား နိုင်ရန်ပြန်လည်သုံး သပ်ရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်ကို လည်း မေလ ၃ ရက်က မြင်တွေ့ခဲ့ရပါသည်။

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ပင်လယ်ရေကြောင်းမှ ပြည်ပ ပို့ကုန်လယ်ယာထွက် ကုန်ပစ္စည်း များအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် မေ ၁၂ ရက်အထိ ဆန်နှင့် ဆန်ကွဲ ၁,၃၀၆၃၀၀ တန်၊ ပြောင်း ၂,၀၃၅,၁၁၃ တန်၊ ပဲအမျိုးမျိုး ၁,၁၁၂,၉၆၃ တန်၊ နှမ်း အမျိုးမျိုး ၂၁၇,၄၄၉ တန်၊ ရော်ဘာစိမ်း ၂၀၈,၉၇၈ တန်နှင့် အခြားလယ်ယာ ကိုင်းကျွန်းထွက်ပစ္စည်းများ ၂,၀၀၅,၂၀၂ တန်၊ စုစုပေါင်း ၆,၈၈၆,၀၀၄ တန် တင်ပို့ ခဲ့သည့်အနက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှ မေ ၁၂ ရက်အထိ ဆန်နှင့် ဆန်ကွဲ ၄၀၅,၄၁၆ တန်၊ ပြောင်း ၁,၁၁၂,၃၅၃တန်၊ ပဲအမျိုးမျိုး ၅၁၆,၃၅၈ တန်၊ နှမ်းအမျိုးမျိုး ( ၃၀,၉၉၄ တန်၊ ရော်ဘာစိမ်း ၄၁,၇၄၄ တန်နှင့် အခြားလယ်ယာ ကိုင်းကျွန်း ထွက်ပစ္စည်းများ ၃,၄၄၅,၈၁၀ တန်၊ စုစု ပေါင်း ၅,၅၅၂,၆၇၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ဧပြီလအထိ) ယာယီစာရင်း များအရ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ် မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅၈ ဘီလီယံကျော် ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိသော ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၅ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့သည်ကို မေလ ၇ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

မြန်မာ့စီးပွားရေးဘဏ်က အထူး ဝန်ဆောင်မှုလုပ်ငန်းများကို မေလ ၁၇ ရက်တွင် စတင်ခဲ့ပြီး ဘဏ်စာရင်းအသစ် ဖွင့်လှစ်၍ ငွေသားအပ်နှံမှုလုပ်ငန်းစဉ် များကို အဆင်ပြေချောမွေ့စေရန် စာရင်း သစ်ဖွင့်သူများအတွက် အထူးကောင်တာ သီးခြားဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး စာရင်း အသစ် ဖွင့်လှစ်ပေးခြင်းနှင့် ငွေသား အပ်နှံမှု လက်ခံခြင်းနှင့် စာရင်းအသစ်မှ အခြားငွေပေးချေမှုများဖြစ်သည့် စာရင်း ပြောင်းနည်းလမ်း၊ ငွေပေးအမိန့်လွှာ၊ [ ချက်လက်မှတ်များဖြင့် ထုတ်ပေးသည့် နည်းလမ်းများကိုလည်း ဆောင်ရွက်နိုင် ပြီး ငွေသား ပြန်လည်ထုတ် ယူလိုပါက လည်း အပ်နှံထားသည့် ငွေပမာဏ အတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ခဲ့ ပြီဖြစ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင် သည့်စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်း အဝေးအမှတ်စဉ် (၄/၂၀၂၁)ကို မေလ ၁၂ ရက်က ကျင်းပခဲ့ပါသည်။ ကုစားရေး လုပ်ငန်း ကော်မတီ၏လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ လုပ်ငန်းစဉ်များကို ပြင်ဆင် ချမှတ်ပေးခဲ့ကြောင်းနှင့် စီးပွားရေး လုပ်ငန်းများ လျင်မြန်စွာလည်ပတ်နိုင် ရေးအတွက် ကုစားရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်း မူဝါဒချမှတ်နိုင်ရေး၊ ဖြေလျှော့ပေးသင့် သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ပေး နိုင်ရေးနှင့် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင် ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(ဆက်လက်ဖော်ပြပါမည်)