(ယမန်နေ့မှအဆက်)
ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင် မောင်ဦးက ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏သတင်းစာ ရှင်းလင်းပွဲအမှတ်စဉ် (၆/၂၀၂၁)သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာ သမားအားလုံးကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်ပါကြောင်း။
ဥပဒေနှင့် ညီညွတ်မှုမရှိ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြသွားမည်ဖြစ်ကြောင်း၊ ရှင်းလင်းတင်ပြမည့် အကြောင်းအရာ များအနေဖြင့် မဲဆန္ဒရှင်စာရင်းနှင့် မဲလက်မှတ်များ စစ်ဆေးထုတ်ပြန်ပြီးစီးမှု အခြေအနေ၊ မဲဆန္ဒရှင်စာရင်းနှင့် မဲလက်မှတ်များ စစ်ဆေးရာတွင် တွေ့ရှိ ချက်များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဥပဒေနှင့် ညီညွတ် မှု မရှိသော ဆောင်ရွက်ချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင် ရွက်မည် များကို ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြု ခဲ့သော မဲဆန္ဒရှင်စာရင်းနှင့် မဲလက်မှတ် များအား စစ်ဆေး၍ တွေ့ရှိချက်များကို ထုတ်ပြန်လျက်ရှိရာတွင် ယခုအခါ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်အနက်၃၀၉ မြို့နယ်အတွက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ မဲဆန္ဒရှင် စာရင်းစစ်ဆေးတွေ့ရှိချက် စာရင်းချုပ် အရ စိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူ စုစု ပေါင်း ၈၇၆၈၆၇၅ (ရှစ်သန်း ခုနစ်သိန်း ခြောက်သောင်း ရှစ်ထောင်ခြောက်ရာ ခုနစ်ဆယ့်ငါး) ဦးရှိကြောင်း တွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်၏ ၂၃ဒသမ၈၅ ရာခိုင်နှုန်း ဖြစ်ကြောင်း။
ယခုစစ်ဆေးထုတ်ပြန်မှုမှာ မြို့နယ် တစ်ခုချင်းအလိုက် စိစစ်တွေ့ရှိမှုများ သာဖြစ်ပြီး အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်များနှင့် တိုက်ဆိုင် စစ်ဆေးမှု(Cross Check) များ ပါဝင်ပါက တပ်မတော်က ထုတ်ပြန်ခဲ့သည့် မဲမသမာ မှု ပြုနိုင်/ ဖြစ်နိုင်သည့်အရေအတွက် ( ၁၀၄၈၂၁၁၆ (ဆယ်သန်းလေးသိန်း ရှစ်သောင်းနှစ်ထောင်တစ်ရာ တစ်ဆယ့်ခြောက်)ဦး ရာခိုင်နှုန်း ၂၈ ဒသမ ၁၇ ရာခိုင်နှုန်းထက် ပိုမိုများပြားမည် ဖြစ်ကြောင်း။
ထုတ်ပြန်ပြီးမြို့နယ် ၃၀၉ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းအပေါ် တပ်မတော်၏ စိစစ်ချက်များနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ စိစစ်တွေ့ရှိချက်များကို နှိုင်းယှဉ်ရာတွင်လည်း စိစစ်သည့် အခြေခံ မဲဆန္ဒရှင်စာရင်း ကွာခြားချက်အရ ကော်မရှင်၏ စိစစ်တွေ့ရှိမှုက မှတ်ပုံ တင်မရှိဘဲ ပါဝင်နေသူနှင့် မဲစာရင်းထပ် နေသူစုစုပေါင်း ၁၂၀၄၂၃၃ (တစ်သန်း နှစ်သိန်းလေးထောင်နှစ်ရာသုံးဆယ့်သုံး) ဦး ပိုမိုစိစစ် တွေ့ရှိရပါကြောင်း။
အလားတူ အထက်ပါမြို့နယ် ၃၀၉ မြို့နယ်၏ ဆန္ဒမဲလက်မှတ်များကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် စစ်ဆေးမှုစာရင်းချုပ်အရ ကွာခြားချက် အနေဖြင့် ပျောက်ဆုံး ၁၄၂၀၇၄၇ (တစ်သန်းလေးသိန်းနှစ်သောင်း ခုနစ်ရာ လေးဆယ့်ခုနစ်)နှင့် အပို ၄၃၅၆၆၉ (လေးသိန်း သုံးသောင်း ငါးထောင်ခြောက်ရာခြောက်ဆယ့်ကိုး) ဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ၎င်းမဲလက်မှတ်များသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း မရှိဘဲ မဲမသမာမှုများ ဖြစ်ပေါ်စေကြောင်း။
ယခုဆက်လက်ပြီး မဲဆန္ဒရှင်စာရင်း နှင့် မဲလက်မှတ်များ စစ်ဆေးရာတွင် တွေ့ရှိချက်များကို တင်ပြသွားမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မြို့နယ်ပေါင်း ၃၀၉ မြို့နယ် သို့ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိချက်များကို တစ်မြို့နယ် ချင်းအလိုက် လည်းကောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်ချုပ်အနေဖြင့် လည်းကောင်း သတင်းထုတ်ပြန်ပြီးဖြစ်ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆(က)အရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူများနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူများသာ ဆန္ဒမဲပေးခွင့်ရှိကြောင်း။
တရားမဝင်ဆောင်ရွက်မှု
မဲစာရင်းစိစစ်ချက်များအရ နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင် ခြင်း၊ ၂ ကြိမ်နှင့် ၃ ကြိမ် အထက်ပါဝင်သူ များစွာတွေ့ရှိရသဖြင့် မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ် ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိရ ကြောင်း၊ မြို့နယ်အသီးသီးရှိ မဲရုံများ အလိုက် ဆန္ဒမဲလက်မှတ်များလျော့နည်း ပျောက်ဆုံးခြင်း၊ တရားမဝင်အပိုရှိနေခြင်း တို့ကို စစ်ဆေးတွေ့ရှိရပြီး မဲရုံများသို့ မဲလက်မှတ်များကို သတ်မှတ်အရေ အတွက်ဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်ရာ အပို တွေ့ရှိမှုများနှင့် မဲလက်မှတ် ပျောက်ဆုံး ခြင်းများသည် တရားမဝင် ဆောင်ရွက်မှု များကြောင့်ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက် ပွဲတွင် Covid-19 ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ ကြိုတင်မဲပေးသူ ၂၁ ဒသမ ၃၈ ရာခိုင်နှုန်းအထိ ရှိသဖြင့် ယခင်ရွေးကောက်ပွဲများထက် လွန်စွာ များပြား၍ ဥပဒေနှင့်မညီသော ကြို တင် မဲကောက်ခံမှုများကို စိစစ်တွေ့ရှိရ ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လက်ဝယ်တွင် အသုံးပြုပြီး ဆန္ဒမဲလက်မှတ် လက်ခံ ဖြတ်ပိုင်းများနှင့် လက်ကျန်ဆန္ဒမဲ လက်မှတ်များတွေ့ရှိရပြီး ကြိုတင်ဆန္ဒမဲ ကောက်ခံရာတွင်အသုံးပြုသည့် မဲ လက်မှတ် လက်ခံဖြတ်ပိုင်းများနှင့် လက်ကျန် မဲလက်မှတ်များကို ဥပဒေ နှင့်အညီအပ်နှံရန် ပျက်ကွက်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက် ပွဲ နည်းဥပဒေ ၆၆(ဇ)နှင့်အညီ မဲရုံမှူးက သက်ဆိုင်ရာ စာရင်းဇယား၊ ပုံစံနှင့် မဲလက်မှတ် လက်ခံဖြတ်ပိုင်း၊ လက်ကျန် များကိုထုပ်ပိုး၊ အပ်နှံခြင်းမပြုဘဲ ဆန္ဒမဲ လက်မှတ် လက်ခံဖြတ်ပိုင်း/လက်ကျန် ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် နောက်ပိုင်းမှသာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ သီးခြား လာရောက်အပ်နှံသည်ကို စိစစ်တွေ့ရှိရ ကြောင်း၊ အချို့ မဲရုံများ၏ မဲလက်မှတ် လက်ခံဖြတ်ပိုင်းနှင့် လက်ကျန်မဲလက်မှတ် ( ပါအထုပ်များ ပျောက်ဆုံးနေကြောင်း တွေ့ရှိရပြီး မြေပြင်ဖွင့်ဖောက်စစ်ဆေးမှု ပြုလုပ်သည့်အချိန်မှသာ သက်ဆိုင်ရာ မဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့သူက လာရောက်အပ်နှံသည်ကို စစ်ဆေး တွေ့ရှိရကြောင်း။
သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြခြင်းမရှိဘဲ မဲဆန္ဒရှင် စာရင်းပုံစံ(၁) စာအုပ်များတွင် နောက်တိုးမဲဆန္ဒရှင်များကို လက်ရေး ဖြင့်ဖြည့်သွင်း ဆန္ဒမဲပေးခွင့်ပြုထားခြင်း၊ အချို့ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မူလမဲဆန္ဒရှင်အမည်ကိုပင် မျဉ်းသား ပယ်ဖျက်၍ အခြားမဲဆန္ဒရှင်အမည်နှင့် အချက်အလက်များကို ပြင်ဆင်၊ ဖြည့်သွင်း မဲပေးခွင့်ပြုထားခြင်း၊ အသက် ၁၈ နှစ် မပြည့်သူများကို မဲစာရင်းတွင်ထည့်သွင်း ၍ မဲပေးခွင့်ပြုခဲ့ခြင်းတို့ကို စိစစ်တွေ့ရှိ ရကြောင်း။
ဆန္ဒမဲလက်မှတ်လက်ခံဖြတ်ပိုင်းများ တွင် ဆန္ဒမဲပေးသူ၏ အမည်၊ မဲစာရင်း အမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ ကျေးရွာအမည်၊ လက်မှတ် သို့မဟုတ် လက်ဗွေတို့ကို ဖြည့်သွင်းရေးသားထားမှု မရှိဘဲ မဲပေးသုံးစွဲထားမှုများကို စိစစ် တွေ့ရှိရကြောင်း၊ ပုံစံ (၁) မဲဆန္ဒရှင် စာရင်းစာအုပ်တွင်သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က အတည်ပြုလက်မှတ် ရေးထိုးထားမှု မရှိခြင်း၊ ရုံးတံဆိပ်ရိုက်နှိပ်ထားမှုမရှိခြင်း၊ မဲဆန္ဒရှင်များလက်မှတ်ရေးထိုးခြင်းမရှိဘဲ အမှန်ခြစ်အမှတ်အသားများ ရေးမှတ်၍ မဲလက်မှတ်များ ထုတ်ပေးခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း။
စောင်ရေအပိုများပါဝင်နေ
နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲစာရင်းတွင် အစုလိုက် အပြုံလိုက်ပါဝင် ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ် (Voter slip)ဖြင့်သာ နိုင်ငံသားစိစစ်ရေးကတ် မပါဘဲ မဲပေးမှုကို လက်ခံဆောင်ရွက်ခဲ့ သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ရေစကြို မြို့နယ်အပါအဝင် မြို့နယ်အချို့၏ ဆန္ဒမဲ လက်မှတ်များတွင် မိမိမြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် မသက်ဆိုင်သော အခြားမြို့နယ် ( မဲဆန္ဒနယ်များ၏ လွှတ်တော်ကိုယ်စား လှယ်လောင်းများပါရှိသော ဆန္ဒမဲ လက်မှတ်စာအုပ်များ ရောနှောပါရှိခြင်း များကို စိစစ်တွေ့ရှိရကြောင်း၊ မဲလက်မှတ် စာအုပ်တစ်အုပ်လျှင် စောင်ရေ ၅၀ သာ ပါဝင်ရမည်ဖြစ်သော်လည်း မဲလက်မှတ် များ ရိုက်နှိပ်ဖြန့်ဝေခဲ့စဉ်က မဲလက်မှတ် စာအုပ်များတွင် စောင်ရေအပိုများ၊ လျော့နည်းမှုများ ပါဝင်နေသည်ကို စိစစ် တွေ့ရှိရကြောင်း။
Covid-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အကြောင်းပြုကာ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်မှသာ ဥပဒေနှင့်ညီညွတ် မှု မရှိသော ညွှန်ကြားချက်များ ထုတ်ပြန် ၍ မဲစာရင်းများ ကောက်ခံမဲပေးစေခြင်း၊ ကြိုတင်မဲပေးစေခြင်းများကို ဆောင်ရွက် ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ မဲဆန္ဒ ရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင် များ မဲပေးခွင့်ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ၁၉ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်၍ ဆောင်ရွက် ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေး ကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့် မဲပေးခဲ့ ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများနှင့် ညီညွတ်မှု မရှိသော နိုင်ငံသားစိစစ်ရေးကတ်မရှိသူ များ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ( ၃ ကြိမ်နှင့်အထက် မဲစာရင်းတွင်ပါဝင် ( သူများ မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန် ဖောက်ဖျက်မှုများ ရှိခဲ့သည်ကို စိစစ် တွေ့ရှိရကြောင်း။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံး ပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံး များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ် တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြား ခဲ့ခြင်းသည်လည်း မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း။
မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါ တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန် ၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ်စိစစ်မှု မပြုနိုင် သော မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခု တည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် မဲစာရင်းတွင်ပါဝင်သူများ မဲပေးခွင့် ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်း ချက်များကို ကျူးလွန်ဖောက်ဖျက်မှုများ ရှိခဲ့ကြောင်း။
ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့
ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ်တံဆိပ် တုံး များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ် တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ် များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ ခြင်းသည်လည်း မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း။
ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စိစစ်တွေ့ရှိရသော ဥပဒေနှင့် ညီညွတ်မှု မရှိသည့် ဆောင်ရွက်ချက်များကို တင်ပြ သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မဲစာရင်း များပြုစုရန်အတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူရာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ က အဓိက ဆောင်ရွက်ခဲ့ကြောင်း၊ မဲဆန္ဒရှင်စာရင်း များမြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာ များတွင် NLD ပါတီ၏ အောင်နိုင်ရေး အဖွဲ့ များ ပူးပေါင်းကောက်ယူကြောင်း။
ယင်းသို့ စာရင်းများကောက်ယူရာ တွင် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံ သား စိစစ်ရေးကတ်ရှိ/မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/မဟုတ် စိစစ် နိုင်ခြင်း မရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစု လိုက် အပြုံလိုက်ပါဝင်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေခြင်းတို့ကို စိစစ်တွေ့ရှိရကြောင်း။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက် ပွဲဥပဒေ အခန်း(၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅ (ဂ)တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်း တစ်ခုမှအပ အခြားမဲဆန္ဒနယ်၏မဲစာရင်း များ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားသော် လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော မှားယွင်း မှုများကိုတွေ့ရှိရကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၉(ခ)အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်းတွေ့ရှိလျှင် ထိုအမည်များ ကို မဲစာရင်းမှပယ်ဖျက်ရမည်” ဟုပြဋ္ဌာန်း ထားသော်လည်း ပယ်ဖျက်ခြင်းမရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း။
ဥပဒေနှင့်မညီသော မဲပေးမှု
အသက်၆၀နှစ်နှင့်အထက် မဲဆန္ဒ ရှင်များ ကြိုတင်မဲပေးရန်အတွက် များ၌အသုံးပြုခဲ့သည့် ဆန္ဒပြ UEC တံဆိပ်မပါရှိသည့် အမှ ရှိပါကလည်း ခိုင်လုံမဲအဖြ ခွက်မှုများတွင် ရှုပ်ထွေးမှုများကို ရွေးကောက်ပွဲနေ့မတိုင်မီ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင် ၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့ သည့်အတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီအောင်နိုင်ရေးအဖွဲ့များ ပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့်မညီ သော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ ကြောင်း။
Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေး ခြင်းမပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက် နေ့နှင့် ညွှန်ကြားချက်ကို အောက်တိုဘာ လ ၁၁ ရက်နေ့တို့တွင်ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာဆောင်ရွက်ခဲ့ကြောင်း၊ ယင်း ညွှန်ကြားချက်များကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ များ အစုလိုက်အပြုံလိုက် မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း။
မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါ တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန် ၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှုမပြုနိုင် သော မဲဆန္ဒရှင် သက်သေခံလက်မှတ် များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားဖြစ်ကြောင်း အတည်မပြုနိုင်သူများကို မဲပေးခွင့်ပြုခဲ့ ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့် အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေး ခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက် ဖျက်မှုများရှိခဲ့ကြောင်း စိစစ်တွေ့ရှိရ ကြောင်း။
ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ် တံဆိပ် တုံး များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ် တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှု များကိုဖြစ်ပေါ်စေခဲ့သဖြင့် မဲရလဒ်များ မှန်ကန်မျှတမှုမရှိကြောင်း။ ယခင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့်ကို ပြန်လည်ဖွဲ့စည်းရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၏ အတည်ပြုချက်ဖြင့် လည်းကောင်း၊ ခန့်အပ်လိုသည့် NLD အမာခံများ ထည့်သွင်း၍ လည်းကောင်း ဖွဲ့စည်းခဲ့ခြင်း၊ တိုင်းဒေသကြီး ပြည်နယ် ကော်မရှင်အဖွဲ့ခွဲကပင် သိရှိခြင်း မရှိဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့က ပေးပို့သည့်အတိုင်း ဖွဲ့စည်းတာဝန်ပေး အပ်ခြင်း၊ NLD ပါတီလွှတ်တော်ကိုယ်စား လှယ်များက ပါဝင်စွက်ဖက်ခဲ့ကြပြီး ၎င်းတို့လိုလားသူများ မပါရှိပါက ပြင်ဆင် ဖွဲ့စည်းရေး သက်ဆိုင်ရာ ဝန်ကြီးချုပ်များ မှတစ်ဆင့် ဖိအားပေး ဆောင်ရွက်ခြင်း၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၏ သဘော အတိုင်း ပြင်ဆင်ဖွဲ့စည်းပေးခဲ့ခြင်း၊ NLD လွှတ်တော်ကိုယ်စားလှယ်များ၏အတည် ပြုချက်ဖြင့် ရွေးချယ်ခန့်ထားသော ရပ်ကွက်/ ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်အများစုမှာ NLD ပါတီကို လိုလားထောက်ခံသူများ ဖြစ်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်နေရာများတွင် အစားထိုးတာဝန် ပေးအပ်ရာတွင်လည်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဝန်ကြီး ချုပ်များ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ခြင်းများကို တွေ့ရှိရခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု မရှိကြောင်း။
ဖော်ပြပါအချက်များနှင့် စပ်လျဉ်း သည့် တိုင်းဒေသကြီး ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုဖြစ်စဉ် အသေးစိတ်များ ကို သတင်းထုတ်ပြန်ပြီးလည်းဖြစ် ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းရာတွင်လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းများ ကောက်ခံခြင်းနှင့် ထပ်တိုးမဲစာရင်းဖြည့်စွက်ခြင်းများတွင် လည်းကောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း အပါအဝင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း များတွင်လည်းကောင်း တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက ဝင်ရောက် စွက်ဖက်သြဇာလွှမ်းမိုး၍ ဆောင်ရွက်ခြင်း များနှင့် စပ်လျဉ်းသည့်အချက်များကို Power Point Slide များဖြင့်ထုတ်နုတ် တင်ပြလိုကြောင်း။
ယခင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်က ရွေးကောက်ပွဲကော် မရှင်အဖွဲ့ ခွဲများ ဖွဲ့စည်းရာတွင် NLD လိုလားသူများ မပါရှိသဖြင့် ကော်မရှင်အဖွဲ့ခွဲများ ပြင်ဆင်ဖွဲ့စည်းပေးရန် ဖိအားပေး အကြောင်းကြားစာများ ပေးပို့ထားရှိမှု များ ဆောင်ရွက်ခဲ့ကြောင်း၊ ယခင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယခင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင်ကို နေအိမ်တွင် ခေါ်ယူ တွေ့ဆုံ၍ မကျေနပ်ကြောင်း ပြောကြား ခဲ့ပြီးနောက်တွင် ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကကြေညာချက် ကို ချက်ချင်းပြန်လည် သိမ်းဆည်း၍ ဥက္ကဋ္ဌ ဦးဝင်းမောင် မပါသည့် ကော်မရှင် အဖွဲ့ခွဲကို ပြင်ဆင်ဖွဲ့စည်းမှု ဆောင်ရွက် ခြင်း အပါအဝင် ကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့် ဖွဲ့စည်းခြင်း၊ မဲစာရင်းပြုစုခြင်း၊ မဲဆွယ်စည်းရုံးခြင်းနှင့် ကြိုတင်မဲပေး ခြင်းဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက် လုပ်ဆောင်ခဲ့ကြောင်း။
ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကိုပြင်ဆင် ဖွဲ့စည်းခဲ့ရာ ယခင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် NLD ပါတီဗဟိုကော်မတီ ဝင်များက သဘောမတူဘဲ တိုင်းဒေသ ကြီး၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်းကို ယခင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း အနေဖြင့် လျှို့ဝှက်အဆင့်ဖြင့် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းများ ပေးပို့ခဲ့ပြီး ၎င်းအတိုင်း ဖွဲ့စည်းပေးခဲ့ကြောင်း။ ။
ဝင်ရောက်စွက်ဖက် ဆောင်ရွက်
ယခင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့် မောင်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာတွင် လည်းကောင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် လစ်လပ်နေရာများ အစားထိုးခန့်အပ်ရာ တွင်လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် လည်းကောင်း၊ ထပ်တိုး မဲစာရင်းများ ထပ်မံဖြည့်သွင်းရာတွင် လည်းကောင်း၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များတွင် လည်းကောင်း၊ ကုမ္ပဏီဝန်ထမ်းများကို ယင်းတို့၏ ရုံးခန်း များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရာတွင် လည်းကောင်း ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခဲ့ ကြောင်း။
ယခင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးညီပုက ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာတွင် NLD ပါတီဝင်များနှင့် ယင်းတို့၏ အမာခံလူ စာရင်းများကို ဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ပြည်နယ်ကော်မရှင် အဖွဲ့ ခွဲအတွင်းရေးမှူးထံ ပေးအပ်ခဲ့ ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရာတွင်လည်း သက်ဆိုင်ရာ NLD ပါတီဥက္ကဋ္ဌများက အမည်စာရင်းများ ရွေးချယ်ပေးပို့ခဲ့ကြောင်း။
ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့
ယခင်ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဟောင်းက ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ပြန်လည် ဖွဲ့စည်းရာတွင် အမည်စာရင်းပေးပို့နိုင် ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ခဲ့ ကြောင်း၊ လစ်လပ်မှုရှိပါကလည်း ဝန်ကြီး ချုပ်၏ သဘောတူညီချက်ရရှိသူကိုသာ ယခင် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်သို့ အစားထိုး အမည်စာရင်း တင်ပြရကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များဝင်ရောက် စွက်ဖက်မှုရှိကြောင်း၊ အထက်ပါ မဲစာရင်း များ အရေအတွက်များ ပြားစွာ မဲရုံတိုင်း၌ မှားယွင်းမှုများ ဖြစ်ပေါ်ရခြင်းသည် မတော်တဆ ဖြစ်ပေါ်ခဲ့သော မှားယွင်း မှုမျိုး မဟုတ်ဘဲ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
ထို့အပြင် မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီ များဖွဲ့စည်း ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက် ပွဲနေ့ ဆန္ဒမဲပေးခြင်းစသည့် ရွေးကောက် ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့် ဆင့်တွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ဝင်ရောက်စွက်ဖက် မလျော်သြဇာအသုံး ပြု၍ မသမာမှုများဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လည်း တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့ကြောင်း။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲစာရင်းများနှင့် မဲပေးခဲ့မှု အခြေအနေများကို စစ်ဆေးခဲ့ရာတွင် NLD ပါတီသည် ရွေးကောက်ပွဲတွင် ယင်းတို့ ပါတီတစ်ခုတည်းသာ အနိုင် ရရှိပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြိုင်ဘက်ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်း ဆောင်ရွက် မှုများအားလုံး ကို Covid-19ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ ကန့်သတ်ချက်) တားမြစ် ချက်ကို အလွဲသုံး၍ လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍ လည်းကောင်း ကန့်သတ်ထိန်းချုပ်ခဲ့ပြီး နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ကြိုတင် ကြံစည်ဆောင်ရွက်ခဲ့ကြောင်း၊ အထက်ပါစိစစ်ချက်များ အရသက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ/နည်း ဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ရွေးကောက်ပွဲ သည် လွတ်လပ်၍ တရားမျှတမှုမရှိ သည်ကို တွေ့ရှိရပါကြောင်း။
ဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ ဆောင်ရွက်နေမှုနှင့်ဆက်လက် ဆောင်ရွက် မည်များကို ရှင်းလင်းတင်ပြမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု ခဲ့သော မဲစာရင်းများနှင့် ဆန္ဒမဲလက်မှတ် များကို စစ်ဆေးထုတ်ပြန်လျက်ရှိရာ ယနေ့အထိ ၃၀၉ မြို့နယ်အတွက် သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ကျန်ရှိ
သောမြို့နယ် ခြောက်မြို့နယ်အတွက် ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း။
မဲစာရင်းများတွင် တစ်ကြိမ်ထက် ပို၍ အကြိမ်ကြိမ်ပါဝင်နေခြင်းကြောင့် သက်ဆိုင်ရာ မဲဆန္ဒရှင်အနေဖြင့် မြို့နယ် တစ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကြိုတင်ဆန္ဒမဲပေးမည့် နေ့ရက်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်း ကို တစ်ကြိမ်ထက်ပို၍ ဆောင်ရွက်နိုင်ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံတွင် တစ်ကြိမ်ဆန္ဒမဲပေးနိုင်ခြင်း၊ မဲစာရင်း ပါရှိရာ မြို့ နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု များသည် ခရီးမကွာဝေးဘဲ ကပ်လျက်ရှိ သည့်အခြေအနေတွင် မဲမသမာမှုပြုလုပ် သူ မဲဆန္ဒရှင်အနေဖြင့် ကြိုတင်ဆန္ဒမဲ ပေးခြင်းကို တစ်ကြိမ်ထက်ပို၍ ဆောင်ရွက်နိုင်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံ၌လက်သန်း မင်မတို့ဘဲ ရှောင်လွှဲကာ အခြားမဲစာရင်း ( ပါရှိသည့် မဲရုံများတွင် ဆန္ဒမဲပေးနိုင်ခြင်း များဆောင်ရွက်နိုင်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲ စာရင်းပုံစံ(၁)တွင် လက်မှတ်ရေးထိုးထား သည့် အထောက်အထားများအရ ( တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးမှုများကို အသေးစိတ် စိစစ်လျက်ရှိကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြုံတွေ့ ရသော ချို့ယွင်းအားနည်းချက်များကို စစ်ဆေးသုံးသပ်၍ နောင်ကျင်းပပြုလုပ် မည့် ရွေးကောက်ပွဲများကို ပိုမိုကောင်းမွန် စနစ်ကျစွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကိုပြင်ဆင်ရေး ဆောင်ရွက်ခြင်း၊ အချိုးကျကိုယ်စားပြု စနစ် PR အပါအဝင် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် ရွေးကောက်ပွဲစနစ် အသုံးပြုနိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း။
PR စနစ် ကျင့်သုံးရေးကိုထောက်ခံ
ပြီးခဲ့သည့်မေလ၂၁ ရက်နေ့မှာလည်း နေပြည်တော်၊ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ရုံးတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များတွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ ကြောင်း၊ လက်ရှိနိုင်ငံရေးပါတီ ၉၁ ပါတီ အနက် ၅၉ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး PR စနစ် ကျင့်သုံးရေး အပါအဝင် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ ပါတီအများစုက PR စနစ် ကျင့်သုံးရေးကို မူအားဖြင့် ထောက်ခံ ကြောင်းနှင့် မြန်မာနိုင်ငံနှင့် သင့်လျော် သည့် ဒီဇိုင်းရွေးချယ်သတ်မှတ်ရေး ဆွေးနွေးခဲ့ကြောင်း။ ။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်း ဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ် ၁ ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လုပ်ငန်းစဉ်ဖြစ်သည့် အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် အညီဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။