နေပြည်တော် ဇွန် ၁၄
ဇွန် ၁၃ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့ စီတီး ရပ်ကွက် ကောင်းမှုတော်ဘုရားဝင်းတွင် Probox ယာဉ်တစ်စီးကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ဇော်မင်းထိုက်(ခ)ဇော်ကြီးနှင့် ပြည့်ဖြိုးအောင်(ခ) ပြုံးချိုတို့ကို စိတ်ကြွရူး သွပ်ဆေးပြား ၄၉၂၇၅ ပြား၊ အိုက်စ် သုည ဒသမ ၀၀၁ ကီလို သိမ်းဆည်းရမိသည်။
အလားတူ ယင်းနေ့နံနက် ၉ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ် ရွာငံ-ဟံမြင့်မိုရ်သွားကားလမ်း ကင်းကျေးရွာ အနီးတွင် ဝင်းမင်းထွန်း မောင်းနှင်လာသည့် Light Truck အမျိုးအစားယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ခရီးသည် အောင်ကိုလင်းနှင့် သန်းထိုက်အောင်တို့ထံမှ ဆေးခြောက် ၆ ဒသမ ၈ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့နယ် မိတ္ထီလာ-ပျော်ဘွယ်သွားကားလမ်း ကုန်းသာကျေးရွာ မိုင်တိုင်အမှတ်(၃၀၃/၆)အနီးတွင်စိုးစိုးအောင်(ခ) နိုင်ထူး မောင်းနှင်ပြီး မနှင်း လိုက်ပါ လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅ဝ ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းရှိ တည်းခိုခန်း အခန်းအမှတ်(၂၀၆)သို့ သတင်းအရ ဝင်ရောက် ရှာဖွေရာ ဇေယျာ(ခဟာဆန် ကိုတွေ့ရှိရပြီး ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၊ ဆေးခြောက် ၁ ဒသမ ၂ ကီလိုနှင့် အိုက်စ် သုည ဒသမ ၀၂ ကီလို တို့ကိုလည်းကောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် မူဆယ်-မန္တလေး သွားကားလမ်း မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် စိုင်းဆိုင်လှိုင်ခေး မောင်းနှင်လာသော Hiace အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား