နေပြည်တော် ဇွန် ၁၄
(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (39th Senior Officials Meeting en Energy (SOME) and Associated Meetings) ကို ယနေ့တွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကြီးမှူးကျင်းပလျက် ရှိရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) (gdy လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်သည်။
စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် အာဆီယံဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သန့်စင်သောစွမ်းအင်သုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင်ဖြိုးခြံ ချွေတာသုံးစွဲရေး၊ စွမ်းအင်ဖူလုံမှုရှိရေး၊ ပြန်ပြည့်မြဲ စွမ်းအင်တိုးမြှင့်သုံးစွဲရေး၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာ စံစနစ်များ လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy CooperationAPAEC Phasell (2021-2025)) အ ကောင်အထည် ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံစွမ်းအင်| ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍခွဲများဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင် သော ကျောက်မီးသွေးသုံးစွဲရေးနည်းပညာဆိုင်ရာ ကဏ္ဍခွဲ၊ အာဆီယံ လျှပ်စစ်စွမ်းအားဆိုင်ရာ ကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်ဖြိုးခြံချွေတာရေး ကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကဏ္ဍခွဲ၊ ဒေသတွင်းစွမ်းအင်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယား စွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံစွမ်းအင်မူဝါဒချမှတ် သူများအဖွဲ့အစည်းကွန်ရက်နှင့် အာဆီယံစွမ်းအင် ဗဟိုဌာနအဆင့်မြှင့်တင်ရေးကဏ္ဍများနှင့် ပတ်သက် ၍ ရှေ့ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။
ဆွေးနွေးအတည်ပြု အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်အရာရှိကြီး များနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အာဆီယံ +၃ နိုင်ငံနှင့် အာဆီယံ နှင့် အရှေ့အာရှနိုင်ငံများအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ပြီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုကြမည် ဖြစ်ကာ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကိုဇွန်၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်