Skip to main content

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ CDM ပြုလုပ်ပြီး အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် NUG အား ဆက်သွယ်ကူညီနေသော ဒေါက်တာ ထားထားလင်း၊ ဒေါက်တာ မောင်မောင်ငြိမ်းထွန်းနှင့် ဒေါက်တာ ဆွေဇင်ဦး တို့အား ဖမ်းဆီး အရေးယူဆောင်ရွက်နေသည့် သတင်းထုတ်ပြန်ချက်

နေပြည်တော် ဇွန် ၁၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ စ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် အဆက်အသွယ်ဖြတ်ကာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၁.၁၉၈ သန်းအား ငွေစာရင်း ရှင်းလင်းခြင်းမရှိဘဲ CDM ဝန်ထမ်းအဖြစ် ခံယူသွားခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာ ထားထားလင်း အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှ (ပ)၁၁/၂၀၂၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီးနောက် ဆက်လက်ရှာဖွေစုံစမ်းခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်၊ နဝဒေးလမ်းဘေးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

တရားခံ ဒေါက်တာ ထားထားလင်း၏ ထွက်ဆိုချက်အရ ၎င်းသည် CDM ဆရာဝန်အဖြစ် ခံယူ လုပ်ဆောင်ခဲ့သည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွင် ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော CDM ဆရာဝန်များနှင့်ဝန်ထမ်း များကို ဆက်သွယ်စည်းရုံး၍ CDM လှုပ်ရှားသူများ ပင်မအုပ်စု(CDMer Core Group)ကို ဖွဲ့စည်းပြီးနောက် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် NUG နှင့်ပေါင်းစပ်လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ ကျန်းမာရေးဝန်ကြီးအဖြစ် ခံယူထားသော တရားခံပြေး ဇော်ဝေစိုးသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် Signal Application မှတစ်ဆင့် ဒေါက်တာ ထားထားလင်းအား အဆက်အသွယ်ပြုလုပ်ကာ လုပ်ပေးနိုင်သမျှ ကူညီပေးရန် စတင်ဆက်သွယ်ပြောဆိုလာခဲ့ကြောင်း၊ ၎င်းနောက် တရားခံပြေး ဇော်ဝေစိုးသည် ၎င်းအား Zoom Meeting ဖြင့် မကြာခဏ ချိတ်ဆက်ကာ CDM ဝန်ထမ်းများအတွက် အားပေးစကားမိန့်ခွန်း ရေးသားပေးရန် အကူအညီတောင်းခံသည့်အတွက် မိန့်ခွန်းရေးသားပေးပို့ခဲ့ကြောင်း၊ NUG ၏ ကျန်းမာရေး လုပ်ငန်းစဉ်အတွက် Program များ ရေးသားပေးရန်စေခိုင်းခဲ့သဖြင့် ဆောင်ရွက်ပေးခဲ့ ရကြောင်း၊ Zoom Meeting အတွက် သတင်းအချက်အလက်နှင့် ဇယားကားချပ်များ ပြင်ဆင်ပေးခဲ့ရကြောင်း သိရှိရသည်။

တရားခံပြေး ဇော်ဝေစိုးသည် NUG ၏ ကျန်းမာရေးလုပ်ငန်းစဉ် အတွက် ကုသပေးရမည့် ဆေးဝါးစာရင်းပြုစုခြင်း၊ လူဦးရေနှင့်ဆေးဝါး လိုအပ်ချက်တွက်ချက် ပေးခြင်း၊ ကုန်ကျစရိတ် တွက်ချက်ပေးခြင်းတို့ကို ဒေါက်တာ ထားထားလင်းအား တာဝန်ပေးစေခိုင်းခဲ့ပြီး တစ်နိုင်ငံလုံး အကြမ်းဖက်လှုပ်ရှားမှုနှင့် ဆက်စပ်ဖြစ်ပေါ်လာမည့် ကုသရေးအသုံးစရိတ် ၆ လစာအတွက် အမေရိကန်ဒေါ်လာ ၈ သန်းဖြင့် တွက်ချက်စေခဲ့ကြောင်း၊ ၎င်းကျန်းမာရေး အထောက်အပံ့လိုအပ်ငွေ အမေရိကန်ဒေါ်လာ  ၈ သန်းအား နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းများထံမှ Grant Proposal တင်ပြ တောင်းခံသုံးစွဲသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

တရားခံပြေး ဇော်ဝေစိုးသည် ၎င်း၏ ကွပ်ကဲမှုအောက်တွင် ဒေါက်တာ ထားထားလင်း အား Public Health Team အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေး ထားပြီး အဆိုပါ Public Health Team တွင် ဒေါက်တာ ထားထားလင်း အပါအဝင် ယခင်ကျန်းမာရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းများအဖြစ် ထွက်ပြေး တိမ်းရှောင် နေသော ဆရာဝန် ၁၂ ဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်းထားကြောင်း သိရှိရသည်-

                ( ၁ )  ဒေါက်တာ ထားထားလင်း(အဖွဲ့ခေါင်းဆောင်)

ညွှန်ကြားရေးမှူးဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်။

                ( ၂ )  ဒေါက်တာ ခင်ငြိမ်းချမ်း(အဖွဲ့ဝင်)

                         လက်ထောက်ကထိကဟောင်း၊ ဆေးတက္ကသိုလ်(မကွေး)။

                ( ၃ )  ဒေါက်တာ မိုးကျော်သူ(အဖွဲ့ဝင်)

                         မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဟောင်း၊ ဘီးလင်းမြို့။

                ( ၄ )  ဒေါက်တာ သူဇာချစ်တင်(အဖွဲ့ဝင်)

ပြည်နယ်ကုသရေးဦးစီးဌာနမှူးဟောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့။

                ( ၅ )  ဒေါက်တာ မျိုးမျိုးမွန်(အဖွဲ့ဝင်)

ဒုတိယညွှန်ကြားရေးမှူးဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်။

                ( ၆ )  ဒေါက်တာ အောင်စိုးထက်(အဖွဲ့ဝင်)                

ဒုတိယညွှန်ကြားရေးမှူးဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်။

                ( ၇ )  ဒေါက်တာ ထူးမြင့်ဆွေ(အဖွဲ့ဝင်)

လက်ထောက်ညွှန်ကြားရေးမှူးဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ နေပြည်တော်။

                ( ၈ )  ဒေါက်တာ ချိုချိုစန်း(အဖွဲ့ဝင်)

ဒုတိယညွှန်ကြားရေးမှူးဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်။

                ( ၉ )  ဒေါက်တာ စုစုလင်း(အဖွဲ့ဝင်)

လက်ထောက်အတွင်းဝန်ဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ နေပြည်တော်။

                (၁၀)  ဒေါက်တာ လွင်မာလှိုင်(အဖွဲ့ဝင်)

ဒုတိယညွှန်ကြားရေးမှူးဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်။

                (၁၁)  ဒေါက်တာ ငြိမ်းငြိမ်းချစ်(အဖွဲ့ဝင်)

လက်ထောက်ညွှန်ကြားရေးမှူးဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ နေပြည်တော်။

                (၁၂)  ဒေါက်တာ စန်းသန္တာ(အဖွဲ့ဝင်)

                         ကထိကဟောင်း၊ ဆေးတက္ကသိုလ်(မန္တလေး)။

ဒေါက်တာ ထားထားလင်း ဦးဆောင်သော Public Health Team ၏ အောက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် State Health Admin Team (SHAT)ကို အဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုးကျော်သူ(ယခင်ဘီးလင်းမြို့နယ် ကျန်းမာရေးမှူး) အပါအဝင် ၁၀ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားကြောင်း သိရှိရသည်-

                ( ၁ )  ဒေါက်တာ မိုးကျော်သူ(အဖွဲ့ခေါင်းဆောင်)

                         မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဟောင်း၊ ဘီးလင်းမြို့။

                ( ၂ )  ဒေါက်တာ နိုင်နိုင်ထွန်း(အဖွဲ့ဝင်)

                         ဒုတိယပြည်နယ်ဦးစီးဌာနမှူးဟောင်း၊ ဘားအံမြို့။

                ( ၃ )  ဒေါက်တာ ရှာရွန်ပါရ်(အဖွဲ့ဝင်)

                         လက်ထောက်ညွှန်ကြားရေးမှူးဟောင်း၊ ဟားခါးမြို့။

                ( ၄ )  ဒေါက်တာ အောင်ကြည်(အဖွဲ့ဝင်)

                         ဘွဲ့လွန်သင်တန်းသား(မေ့ဆေးပညာ)၊ ဆေးတက္ကသိုလ်-၂၊ ရန်ကုန်။

                ( ၅ )  ဒေါက်တာ ဒယ်နီလင်း(အဖွဲ့ဝင်)

                         တိုးချဲ့ကာကွယ်ဆေး/ကူးစက်တာဝန်ခံဆရာဝန်(နုတ်ထွက်)၊ လားရှိုးမြို့။

                ( ၆ )  ဒေါက်တာ နှင်းအိဖြူ(အဖွဲ့ဝင်)

   အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ (တိုးချဲ့ကာကွယ်ဆေး/ကူးစက်)၊ ပြည်ထောင်စု နယ်မြေ၊    နေပြည်တော်။

                ( ၇ )  ဒေါက်တာ ချစ်ကိုဟန်(အဖွဲ့ဝင်)

                         ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးဟောင်း၊ ရန်ကုန်တိုင်းဒေသကြီး။

                ( ၈ )  ဒေါက်တာ စုစုလှိုင်(အဖွဲ့ဝင်)

                         ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဟောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်။

                ( ၉ )  ဒေါက်တာ ဇက်လွမ်းခေါင်(အဖွဲ့ဝင်)

                         အဖွဲ့ခေါင်းဆောင်ဆရာဝန်(တိုးချဲ့ကာကွယ်ဆေး/ကူးစက်)၊ မြစ်ကြီးနားမြို့။

                (၁၀)  ဒေါက်တာ ကျော်သူဆွေ(အဖွဲ့ဝင်)

                         အဖွဲ့ခေါင်းဆောင်ဆရာဝန်(တိုးချဲ့ကာကွယ်ဆေး/ကူးစက်)၊ စစ်ကိုင်းမြို့။

SHAT အဖွဲ့၏ အောက်တွင်လက်တွေ့အကောင်အထည်ဖော်ရန် မြို့နယ် အဆင့် Township Health Admin Team (THAT)များကို ဆက်လက်ဖွဲ့စည်း လျက်ရှိကြောင်း ၊ SHAT အဖွဲ့နှင့် THAT အဖွဲ့များ အကြား Online ဖြင့် ချိတ်ဆက် လှုပ်ရှားပေးရန်အတွက် Clinicians Team အား ဒေါက်တာ စန်းသန္တာ အပါအဝင် ၅ ဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်းထားကြောင်း သိရှိရသည်-

                ( ၁ )  ဒေါက်တာ စန်းသန္တာ(အဖွဲ့ခေါင်းဆောင်)

                         ကထိကဟောင်း၊ ဆေးတက္ကသိုလ်(မန္တလေး)။

                ( ၂ )  ဒေါက်တာ မောင်မောင်ငြိမ်းထွန်း(အဖွဲ့ဝင်)

                         ကထိကဟောင်း၊ ဆေးတက္ကသိုလ်(မန္တလေး)။

                ( ၃ )  ဒေါက်တာ ဆွေဇင်ဦး(အဖွဲ့ဝင်)

                         အထူးကုဆရာဝန်ဟောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး။

                ( ၄ )  ဒေါက်တာ ရဲဇင်အောင်(အဖွဲ့ဝင်)

                         အထူးကုဆရာဝန်ဟောင်း၊ မြင်းခြံပြည်သူ့ဆေးရုံ။

                ( ၅ )  ဒေါက်တာ ဇေမင်းထွန်း(အဖွဲ့ဝင်)

ဦးစီးအရာရှိဟောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်။

သို့ဖြစ်၍ တရားခံပြေး ဇော်ဝေစိုးနှင့် အကြမ်းဖက်အဖွဲ့အစည်း NUG ၏ ညွှန်ကြားစေခိုင်းမှုများကို လိုက်ပါလုပ်ဆောင်လျက်ရှိကြသည့် ဒေါက်တာ ထားထားလင်း အပါအဝင် Public Health Team အဖွဲ့ဝင် ဆရာဝန် ၁၂ ဦး၊ SHAT အဖွဲ့ဝင် ဆရာဝန် ၁၀ ဦး၊ Clinicians Team အဖွဲ့ဝင် ဆရာဝန် ၅ ဦး၊ စုစုပေါင်း ၂၅ ဦး တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ၊ မတရားအသင်းနှင့် ဆက်သွယ် ဆောင်ရွက်မှုအတွက် ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် ပုဒ်မ ၁၂၄ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် တရားခံပြေး ဇော်ဝေစိုး၊ တရားခံ ဒေါက်တာ ထားထားလင်းတို့နှင့် ဆက်နွှယ်သည့် ကွင်းဆက်တရားခံများအား ဆက်လက်ရှာဖွေစုံစမ်းခဲ့ရာ တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ချက် အရ ဒေါက်တာ မောင်မောင်ငြိမ်းထွန်း(ခွဲစိတ်ကုပညာ ကထိကဟောင်း၊ မန္တလေးဆေးတက္ကသိုလ်)နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါက်တာ ဆွေဇင်ဦး (အထူးကုဆရာဝန်ဟောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး) တို့အား မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၌  ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

တရားခံ ၂၅ ဦးအနက် ဒေါက်တာ ထားထားလင်း၊ ဒေါက်တာ  မောင်မောင်ငြိမ်းထွန်းနှင့် ဒေါက်တာ ဆွေဇင်ဦးတို့အား ဖမ်းဆီးရမိခဲ့သဖြင့် ကျန်ကွင်းဆက် တရားခံ ၂၂ ဦးအား ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

၎င်းဆရာဝန်များသည် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် လုပ်ငန်းစဉ်များကို ဖျက်ဆီးနှောင့်ယှက်နေသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသော အဆိုပါတရားခံပြေးဆရာဝန်များအား တွေ့ရှိပါက သတင်းပေးပို့ ကြပါရန်၊ နီးစပ်ရာနယ်မြေခံတပ်၊ ရဲစခန်းများသို့ ဆက်သွယ်အကြောင်းကြားပေးပါရန်နှင့် လက်ခံထားသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။