Skip to main content

လိုင်ဇာရှိ KIA လက်နက်ကိုင်အဖွဲ့ဌာနချုပ်သို့ စစ်သင်တန်းစေလွှတ်မှုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ညွှန်ကြားစေခိုင်းခဲ့သည့် သတင်းထုတ်ပြန်ချက်

နေပြည်တော် ဇွန် ၁၃

လိုင်ဇာရှိ KIA လက်နက်ကိုင်အဖွဲ့ဌာနချုပ်သို့ စစ်သင်တန်းစေလွှတ်ခဲ့မှု၊ ဖောက်ခွဲရေး ပစ္စည်းများ ပြုလုပ်ရာ၌ ပါဝင်မှုတို့နှင့်ဆက်စပ်၍ အောင်ခန့်(ရွှေသီဟ ဆန်စက်ပိုင်ရှင်၊ ရွှေဘိုမြို့နေထိုင်သူ)အား ၂၁-၅-၂၀၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

၁၆-၅-၂၀၂၁ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာ ထားသော NUG မှ တရားခံပြေး ဇော်ဝေစိုး အပါအဝင် ၄၀ ဦးခန့်ဖြင့် ပြုလုပ်သော အစည်းအဝေးသို့ အောင်ခန့်မှ ပါဝင်တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် မြင့်ထွေး (ရေဦးမြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ အေးမြတ်မွန် (မြောင်မြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ခင်မွှေးလွင် (မင်းကင်းမြို့နယ်၊ အမှတ်-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ နိုင်အောင်(ဝက်လက်မြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း) တို့ တက်ရောက်ခဲ့ကြကြောင်း၊ အဆိုပါ အစည်းအဝေး၌ People's Defense Force (PDF)ကိစ္စရပ်များနှင့် တိုက်ပွဲဖြစ်ပွားပါက ဒဏ်ရာရရှိသူများ ကုသပေးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ၁၈-၅-၂၀၂၁ ရက်တွင် အောင်ခန့် အပါအဝင် ခင်မွှေးလွင် (မင်းကင်း မြို့နယ်၊ အမှတ်-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် အေးချမ်း (စစ်ကိုင်းတိုင်းဒေသကြီး၊ လဝကဝန်ကြီးဟောင်း မိုးကျော်သူ၏တပည့်)၊ ဆရာတော် တစ်ပါး၊ ကျော်သူဟန်ထွန်း(၂၀၁၅ ခုနှစ်၊ ကန့်ဘလူမြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ နေဇင်လတ် (ကန့်ဘလူမြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် ကျန် ၃ ဦး၊ စုစုပေါင်း ၉ ဦးခန့်ဖြင့် Sagaing People Defence Force-SPDF ခေါင်းစဉ်ဖြင့် Zoom Meeting အစည်းအဝေး ပြုလုပ် ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် ခင်မွှေးလွင်မှ လိုင်ဇာရှိ KIA လက်နက်ကိုင်အဖွဲ့ ဌာနချုပ်သို့ သွားရောက်၍ လက်နက်များတောင်းရန် ဆုံးဖြတ်ခဲ့ပြီး လူငယ်များအား စစ်သင်တန်းစေလွှတ်ရန် အေဇင်လတ် (ရွှေဘိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း)မှ ဦးဆောင်၍ စီစဉ်စေလွှတ်ပေးခဲ့ကြောင်း  သိရှိရပါသည်။

သို့ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် Sagaing People Defence Force-SPDF အား ဖွဲ့စည်းရေး၊ လိုင်ဇာရှိ KIA လက်နက်ကိုင်အဖွဲ့ဌာနချုပ်နှင့် ချိတ်ဆက် သင်တန်းတက်ရောက်ရေး၊ လက်နက်/ ခဲယမ်းရရှိရေး ကိစ္စရပ်များတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများဖြစ်ကြသည့် ခင်မွှေးလွင်၊ နေဇင်လတ်၊ အေဇင်လတ်၊ ကျော်သူဟန်ထွန်း၊ နိုင်အောင်၊ မြင့်ထွေး၊ အေးမြတ်မွန် တို့က အဓိကညွှန်ကြားစေခိုင်းခဲ့ကြောင်း စိစစ်ဖော်ထုတ် သိရှိရသည်။

သတင်းစဉ်