နေပြည်တော် ဇွန် ၁၂
နေပြည်တော်ကောင်စီ တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရ ခရိုင် ဥတ္တရသီရိမြို့နယ် ဆင်လူးငန်း စပ်ဆည်၌ ငါးသားပေါက်ကောင်ရေ ၂၀၀၀၀ အား မျိုးစိုက် ထည့်ပေးပွဲအခမ်းအနားကို ဇွန် ၁၂ ရက်တွင် အဆိုပါဆည်၌ ကျင်းပသည်။
ငါးမျိုး စိုက်ထည့်ပွဲသို့ နေပြည်တော်တိုင်း ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ညိုညိုအေး၊ ဥတ္တရသီရိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူး ပြည်ဖြိုးမင်း နှင့် ဦးမျိုးချစ်၊ ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်သန်း၊ ဒက္ခိဏခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးရဲလွင်သိန်း၊ မြို့နယ်ဆည်မြောင်းဦးစီး ဌာနမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး၊ ရေဆင်းငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးစိုးပိုင်၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေလုပ်သားများက ရေဆင်းငါးလုပ်ငန်း စခန်းမှ နှစ်လက်မအရွယ် ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးခုံးမကောင်ရေ ၂၀၀၀၀ ကို မျိုးစိုက် ထည့်ပေးပြီး ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးမှူးကရေလုပ်သားများအား ငါးသယံဇာတထိန်းသိမ်း ရေးအတွက် ငါးမျိုးစိုက်ထည့်ရ ခြင်း၏ ရည်ရွယ်ချက်နှင့် ငါးရစ်ငါးသန် တားမြစ်ကာလအတွင်း ငါးမဖမ်းဆီးရေးနှင့် တရားမဝင် ငါးဖမ်းဆီးခြင်းဖြစ်သော ဘက်ထရီ ရှော့ဖြင့် ငါးဖမ်းဆီးခြင်းမပြု ရေးတို့အား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်