Skip to main content

COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး) တွင် တာဝန်လဲလှယ်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ (၁၈) ကြိမ်မြောက် ထွက်ခွာ

နေပြည်တော် ဇွန် ၁၂

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အအဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေး ဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင် ကူညီဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။

အဆိုပါ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး) တွင် (၁၇) ကြိမ်မြောက် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးဆရာဝန် များ ပါဝင်သော (၃၇)ဦးနှင့် လဲလှယ် ထမ်းဆောင်ရန် (၁၈)ကြိမ်မြောက် သွားရောက်တာဝန် ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီ အမှာစကားပြောကြားသည်။

ထို့နောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်ရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြ ကာ တိုင်းမှူးက တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။

အဆိုပါတာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၌ မေ့ဆေး ပါရဂူ ၃ ဦး၊ ရောဂါဗေဒ ပါရဂူ ၂ ဦး ခွဲစိတ်ပါရဂူ ၂ ဦး၊ ဓာတ်မှန်ပါရဂူ ၁ ဦး၊ ဆေးကုသမှုပါရဂူ ၇ ဦး၊ ဆေးမှူးဆရာဝန် ၅ ဦး၊ သူနာပြုအရာရှိ ၉ ဦး၊ အထက်တန်းသူနာပြု ၅ ဦး၊ ဓာတ်ခွဲကျွမ်းကျင် ၂ ဦး၊ ဓာတ်မှန် ကျွမ်းကျင် ၂ ဦး၊ ဆေးဝါးကျွမ်းကျင် ၂ ဦး၊ စုစုပေါင်း ၄၀ ဦး ပါဝင်ကာ ၎င်းတို့သည့် ရောဂါဝေဒနာ ခံစားနေရသော ပြည်သူများကို ကာကွယ်ကုသရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်