နေပြည်တော် ဇွန် ၁၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးမဂ္ဂဇင်း စာအုပ်ထုတ်ဝေရေးနှင့် ပွဲတော်များ ကျင်းပရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးရန်ကျော်နှင့်အဖွဲ့အား ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မဂ္ဂဇင်းထုတ်ဝေနိုင်ပါက တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၏ လှုပ်ရှားမှုကဏ္ဍတစ်ရပ်အဖြစ် ဖြစ်လာမည် ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များ ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက စာအုပ်ထုတ်ဝေရေး ကိစ္စရပ် များနှင့် စပ်လျဉ်း၍ အသီးသီးတင်ပြ ဆွေးနွေးကြသည်။
(သတင်းစဉ်)