ရန်ကုန် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီး ရှိ အခြေခံကုန်စည်ဈေးများတွင် နေ့စဉ်ကိုဗစ်-၁၉ကပ်ရောဂါ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိရာရောင်းဝယ်ဖောက်ကားမှုမှာလည်း စည်ကား များပြား လျက်ရှိခြင်းကြောင့် ယခုအခါ ဈေးအများစုကို အေးအေးချမ်းချမ်း ဖြင့် ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ သိရသည်။
စည်စည်ကားကား
ရောင်းဝယ်ဖောက်ကား “အများအားဖြင့်တော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက အခြေခံကုန်စည်ဈေး တွေကို ယခုအခါမှာ ကိုဗစ်- ၁၉ ကပ် ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်း ချက်တွေနဲ့အညီ အရင်လိုပဲ ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားပါတယ်။ တချို့ ဈေးတွေတော့ အချိန်အားဖြင့် အနည်းငယ် အတိုး/ အလျှော့လုပ်ထားတာ ရှိတာပေါ့။ အခြေခံ ကုန်စည်ဈေးတွေကဘာအကြောင်းပဲရှိရှိ လုံးဝပိတ်လို့ မရဘူးလေ။ နေ့စဉ် မသုံး မဖြစ် ကုန်စည်တွေ ရောင်းဝယ် ဖောက်ကားကြတာကိုး။ ဒါကြောင့်အခုလို | လူဦးရေထူထပ်တဲ့ ရန်ကုန်လိုမြို့ကြီးမှာ ဆို အခြေခံကုန်စည်ဈေးတွေအနေနဲ့ကတော့ အမြဲအေးအေးချမ်းချမ်းနဲ့ စည်စည် ကားကား ရောင်းဝယ်ဖောက်ကား နေတာ ပါပဲ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ဗဟိုစံပြငါးဈေးကြီးမှာလည်း နေ့စဉ် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ကာ နိုင်ငံတစ်ဝန်း ထွက်ရှိသော သား/ ငါးများကို နေ့စဉ် ရောင်းဝယ် ဖောက်ကားလျက်ရှိပြီး ကိုဗစ်-၁၉ကပ်ရောဂါ စတင်ကျရောက် စဉ်ကတည်းကပင် ပိတ်ရက်မရှိဘဲ ယနေ့တိုင် နေ့စဉ်ဖွင့်လှစ်ကုန်သွယ် လျက်ရှိ သည်။ အလားတူ တာမွေမြို့နယ်အတွင်းရှိ အခြေခံကုန်စည်ဈေးများဖြစ်ကြသည့်ကျောက်မြောင်း၊ သီတာလမ်းဈေး၊ အသောကဈေးနှင့် တာမွေ ဈေးစသည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံ စားသောက်ကုန်ဈေး များမှာ ယခုအခါ သတ်မှတ်ပိတ်ရက် များမှအပ ကျန်ရက်များတွင် အေးချမ်း စွာ ဖွင့်လှစ်ရောင်းချလျက်ရှိသည်။
အရင်ထက် ပိုကောင်းလာ “ပြီးခဲ့တဲ့ လပိုင်းတွေကတော့ ဈေး တွေ မဖွင့်ဖို့၊ မသွားဖို့နဲ့ ရောင်း/ဝယ် ဖောက်ကားမှုနဲ့ပတ်သက်ပြီး အနှောင့် အယှက်ပေးနေတာတွေ ကြားနေရတယ်။ ကျွန်မတို့ကတော့ ဒီဈေးရောင်းတဲ့ အလုပ် နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုရတာဆိုတော့ အကြာကြီးပိတ်ထားလို့ ဘယ်လို ဖြစ်မှာလဲ။ ကိုယ်ချင်းစာကြည့်ကြပေါ့။ အရင်ကဆို ကိုယ့်ဈေးဆိုင် ကိုယ်ဖွင့် ( တာတောင် ဒလန်ဆိုပြီး ရပ်ကွက်ထဲ လူတွေက မကြားတကြား ပြောကြတာရှိသေးတယ်။ အဲဒါတွေ လိုက်ပြီး နားယောင်နေမယ်ဆိုရင် ရှိသမျှတောင် ကုန်လို့ တောင်းစားရဦးမယ်။ အဲဒီ ရက်ပိုင်းတုန်းကဆို ဈေးသာလာဖွင့် ရတာ ရောင်းမကောင်းဘူး။ အခုနောက်ပိုင်း ကျောင်းတွေလည်း ပြန်ဖွင့် လာတော့ ဈေးရောင်းရတာ အရင်ထက် ပိုကောင်းလာတယ်” ဟု ဗဟန်းမြို့နယ် ဗိုလ်ချိုဈေး ကုန်ခြောက်အရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် ပြီးခဲ့သည့်လ အနည်းငယ်က အဖျက်အမှောင့် လူ တစ်စု၏ အန္တရာယ်ပေးမှုကို စိုးရိမ်ကြ သဖြင့် အချို့ဈေးများ၊ ဈေးဆိုင်ကြီးများ၊ Shopping Mall op: Shopping Center များစသည်ဖြင့် ဈေးဝယ်စင်တာအများစု ယာယီပိတ်ထားခဲ့ကြရသည်။ ယခုအခါ တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ယာယီပိတ်ထားသော ဈေးများနှင့် အရောင်းစင်တာကြီးများမှာ ပြန်လည် ဖွင့်လှစ်လာ ကြပြီဖြစ်၍ ပြည်သူအများ အေးချမ်းစွာ ရောင်းဝယ်မှုများ ပြုလုပ် နေကြပြီဖြစ်သည်။
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်