နေပြည်တော် ဇွန် ၅
အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ ပြည်သူတွေကွဲပြားကြ ဖို့လိုပါပြီနှင့် အခြားဆောင်းပါးများစာအုပ်ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက စီစဉ်ထုတ်ဝေ ဖြန့်ချိသည်။
အဆိုပါစာအုပ်တွင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင်ဖော်ပြခဲ့သည့် ဆောင်းပါးများထဲမှ ဆောင်းပါး ၉၂ ပုဒ် ရွေးချယ်ကာ စုစည်းဖော်ပြထား သည်။
အဆိုပါစာအုပ်တွင်ပါရှိသည့် ဆောင်းပါးရှင် ကနောင် ရေးသားသည့် အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေကွဲပြားကြဖို့လိုပါပြီ ဆောင်းပါးတွင် နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ( တပ်မတော်အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိ အရေးပေါ်ကာလကိုတာဝန်ယူထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များ၊ အဖျက်အမှောင့်လုပ်ငန်းများ စတင်လုပ် ဆောင်ခဲ့ကြ ပုံနှင့် နောက်ကွယ်မှရည်ရွယ်ချက်များကို ရေးသား ဖော်ပြထားသည်။ ထို့ပြင် စာရေးသူက CDM လှုပ်ရှားမှုနှင့်ပတ်သက်ပြီး “လက်ရှိ CDM လုပ်သူ ဝန်ထမ်းဦးရေဟာ ရာခိုင်နှုန်း အတော်များနေပြီလို့ စာရင်းဇယားမပါဘဲ ပြောဆိုနေကြပေမယ့် တကယ်တမ်းတော့ လုပ်ငန်းဌာနတွေအားလုံးရဲ့ ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်း ပြည့်ပြီလို့တောင် မကြားရပါဘူး။ စုစုပေါင်းဝန်ထမ်း ၁၁ သိန်းလောက် အနက်မှာ လူတစ်သိန်း၊ လူနှစ်သိန်းပါဝင်တဲ့ အတိုင်း အတာဟာ အောင်မြင်မှုတစ်ရပ် မဟုတ်ဘူးလို့တော့ စာရေးသူက ရှုမြင်ပါတယ်”ဟု CDM အောင်မြင်မှု မရှိပုံကို သုံးသပ်ဖော်ပြထားသည်ကို တွေ့ရ သည်။
ဆောင်းပါးရှင် မောင်နိုင်က “သံစဉ်များနဲ့ခဏ တာ” ဆောင်းပါးတွင် CDM လှုပ်ရှားမှုများအကြောင်း၊ CDM လုပ်ရင်း လမ်းမှားဆက်လျှောက်နေသည့် လုပ်ဖော်ကိုင်ဖက်များနှင့် ဝန်ထမ်းများအကြောင်းကို ဆောင်းပါးရှင်က “သိုးမည်းတွေအကြောင်း” သီချင်း ညည်းရင်း တိုက်ဆိုင်သည့် သီချင်းစာသားများနှင့် ယှဉ်ကာ ရေးသားဖော်ပြထားသည်။ ထို့ပြင်ဆောင်းပါး ရှင်က “CDMဆိုတဲ့ ခေတ်မမီတော့တဲ့ အတွေး အခေါ် အမှားတွေကို ဟန်ရေးတပြင်ပြင်နဲ့ မာန်မချဘဲ ဆက်လုပ်နေကြမှာလား၊ ပြည်သူတွေ အတွက် မှန်ကန်တည့်မတ်တဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ဖို့ ရုံးပြန်တက်ကြမလားဆိုတာကို ခေတ်ပညာတတ် နိုင်ငံ့ဝန်ထမ်းတွေက မှန်ကန်သောလုပ်ရပ်ကိုသံသရာ အတွက် အမြန်ဆုံးရွေးချယ်နိုင်ကြပါစေ”လို့ သူ၏ စေတနာဆုတောင်းဖြင့် ဆောင်းပါးကို အဆုံးသတ် ထားသည်။
ယင်းစာအုပ်တွင်ပါဝင်သည့် တတိယမြောက် ဆောင်းပါးဖြစ်သည့်“ဝန်ထမ်းနှင့်CDM” ကိုဆောင်းပါး ရှင် စွမ်းထက်နိုင် (အင်းတိုင်)က ရေးသားထားသည်။ ၎င်းဆောင်းပါးတွင်လည်း CDM နှင့်ပတ်သက်ပြီး ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားသုံးသပ်ရန်လို ကြောင်း အကြံပြုရေးသားထားသည်။ ထို့ပြင်
ဆောင်းပါးရှင်က ဒီမိုကရေစီကျင့်စဉ်အရ မိမိနှင့် သဘောထားအယူအဆမတူသူများကို ကွဲလွဲခွင့်ပေး သင့်ကြောင်း၊ CDM ဆောင်ရွက်သူများသည် ဒီမိုကရေစီလူ့အခွင့်အရေးကို လိုရာပုံဖော်ကာ ဥပဒေများကိုချိုးဖောက်မှုပြုသည်များ ရှိလာကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် အညီ၊ နိုင်ငံသားများသည်လည်း စစ်မှန်သော ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြုမူလုပ်ဆောင် သင့်ကြောင်း တိုက်တွန်းရေးသားဖော်ပြထား သည်။ ။
ယင်းစာအုပ်ကို ရောင်းဈေးငွေကျပ် ၃၅၀၀ ဖြင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင် အမှတ်(၁၇၃/၁၇၅)၊ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၁၈၂၄၈၁၀၂၊ အမှတ်(တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇၃၄၁၄၆၈၁၊ အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၈၃၈၁၄၄၈ နှင့် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်