နေပြည်တော် ဇွန် ၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် ဇွန် ၂ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌ ကသာခရိုင်ဦးစီးအရာရှိ နှင့် ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဗန်းမောက် မြို့နယ်၊ အင်းတော်မြို့နယ်တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ထီးချိုင့်ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ တို့အား တွေ့ဆုံပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထီးချိုင့်ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှု စစ်ဆေး သည်။
ကြည့်ရှုစစ်ဆေး မွန်းလွဲပိုင်းတွင် တကောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ဝန်ထမ်း များနှင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့မှ ဝန်ထမ်းများအား တွေ့ဆုံ၍ တကောင်းထပ်ဆင့်လွှင့် စက်ရုံကိုလည်းကောင်း၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၌ သပိတ် ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့မှ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သပိတ်ကျင်းထပ်ဆင့်လွှင့်စက်ရုံကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပုသိမ်ကြီးခရိုင်ရုံးတွင် ခရိုင်ဦးစီး ဌာနမှ ဝန်ထမ်းများ၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည် မြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မန္တလေးဗျူရိုမှ တာဝန်ခံအရာရှိတို့နှင့် တွေ့ဆုံသည်။
ဇွန် ၃ ရက်တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများ နှင့် ပြင်ဦးလွင် ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံတို့အား တွေ့ဆုံ၍ ဝန်ထမ်းရေးရာနှင့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး (ယာပုံ) ပြင်ဦးလွင်ပြည်သူ့ စာကြည့်တိုက်နှင့် ပြင်ဦးလွင်ထပ်ဆင့်လွှင့်စက်ရုံ တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ခရိုင် ဦးစီးဌာနမှဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရေး နှင့်ဝန်ထမ်း ရေးရာကိစ္စရပ်များကို ဆွေးနွေးမှာကြား သည်။ ။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဝန်ထမ်း များ၏ တင်ပြချက်များ၊ ရုံးဌာန/ စက်ရုံများ၏ လိုအပ် ချက်များကို ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်