မေး(၁)။ မေလ (၃၁) ရက်နေ့က ကယားပြည်နယ် ဒီမော့ဆိုမြို့ ကုန်းသာ ကျေးရွာတိုက်ပွဲမှာ တပ်က ၈ဝ ကျော် သေဆုံး ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားတာကိုလူမှုကွန်ရက်မီဒီယာတွေမှာ တွေ့နေရပါတယ်။ ဒီသတင်းမှန်/ မမှန် သိချင်ပါတယ်။ ။
ဖြေ(၁)။ မေလ(၃၁) ရက်နေ့က ဒီမော့ဆိုမြို့ကုန်းသာကျေးရွာမှာ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်း သူတွေက တပ်မတော် စစ်ကြောင်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့တာတော့ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်သား ၈၀ ဦး ကျဆုံးခဲ့တယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး။ သတင်းအမှားပါ KNDF အကြမ်းဖက်သူတွေအနေနဲ့ မကြာခဏ သတင်းမှားတွေကို ကြေညာချက် ထုတ်လေ့ရှိပါတယ်။
မေး(၂)။ မေလ(၃၁) ရက်နေ့က ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်ကြားမှာ တပ်နဲ့ CDF တိုက်ပွဲဖြစ်ပွားပြီး တပ်ဘက်က ၈ ယောက် ကျဆုံး ခဲ့တယ်ဆိုတဲ့သတင်းကို Khit Thit Media သတင်း Page ကနေ မျှဝေ ထားပါ တယ်။ အဲဒီအခြေအနေ လေးသိချင်ပါတယ်။
ဖြေ(၂)။ ပြန်ကြားရေးဝန်ကြီးဌာနကနေ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ ရက်စွဲနဲ့ အမိန့်အမှတ် (၁/၂၀၂၁) အမိန့် ထုတ်ပြန်ချက်မှာ Khit Thit Media Mizzima Myanmar Now 7Day DVB 2007: ဌာနတွေရဲ့ ထုတ်ဝေခြင်း လုပ်ငန်း အသီးသီးကို ပိတ်သိမ်းကြောင်း ထုတ်ပြန်ထားပါတယ်။ ကျွန်တော်တို့ ဒီ Khit Thit Media နဲ့ ပတ်သက်ပြီး အမြဲပြောလေ့ရှိပါတယ်။ သူတို့ရဲ့ သတင်းရင်းမြစ် တွေသည် ခိုင်မာမှု မရှိပါဘူး။ ကောလာဟလတွေ၊ လုပ်ကြံ ဝါဒဖြန့် သတင်းတွေကိုပဲတစိုက်မတ်မတ် ရေးသားပြီး နိုင်ငံပြိုကွဲဖို့၊ မတည်မငြိမ်ဖြစ်ဖို့ ကြိုးစားနေတဲ့ သတင်း Page ပါ။ ဒီသတင်း Page က ရေးသားချက်တွေကို ယုံကြည်မှုမထားဖို့ တိုက်တွန်းလိုပါတယ်။ မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်အထိ ချင်းပြည်နယ် ကန်ပက်လက်မှာ ဘာတိုက်ပွဲဖြစ်စဉ်မှ မရှိပါဘူး။
မေး(၃)။ DVB TV Newsမှာတင်ထားတဲ့ သတင်းအရ မေလ (၃၁) ရက်နေ့ ညနေပိုင်းမှာ ပေါက်မြို့နယ် ကြည့်ငို တောင်တိုက်ပွဲအတွင်း တပ်မတော်ဘက်က ၃ဝ ယောက် သေဆုံးခဲ့တယ်လို့ သတင်းတင်ထားတာတွေ့ရပါတယ်။ ဒီအခြေအနေ ကိုလည်း သိပါရစေ။
ဖြေ(၃)။ DVB TV News က တင်ထားတဲ့ ပေါက်မြို့နယ် ကြည့်ငိုတောင် တိုက်ပွဲ သတင်းကို ဖတ်ရပါတယ်။ သူ့ သတင်းထဲမှာ တပ်မတော်ဘက်က လူ ၃၀ ဦးက မိုင်းနင်းမိပြီး သေဆုံးတယ်ဆိုပြီးရေးထားတော့ သူတို့တင်တဲ့ သတင်းက ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ ကို အယ်ဒီတာတွေ၊ သတင်းရေးသားသူတွေက စိစစ် နိုင်မှု မရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။ သတင်း အရင်းအမြစ် မသေချာတဲ့အပေါ်မှာ မူတည်ပြီး ရေးထားတာကိုလည်း တွေ့ရပါတယ်။ မကွေးတိုင်း ကြည့်တောင်ဘက်မှာ ဘာတိုက်ပွဲဖြစ်စဉ်မှ မရှိပါဘူး။
မေး။ မနေ့က Myo Yan Naung Thein ဖေ့ဘွတ်ပေ့စ်ကနေ ကလေးတွေ ကျောင်းတက်မယ့်ကိစ္စ အထူးသတိပေးချက်ဆိုပြီး သူတို့ရဲ့ တော်လှန်ရေးကြီး နိုင်ငံလုံး ဆိုင်ရာ ထိုးစစ်ကြီးက ဆင်တော့မှာ။ တစ်နိုင်ငံ လုံးကို သိမ်းမယ်။ လေး၊ ငါးလနဲ့ အောင်မြင် မှာဆိုပြီး ပြောထား တာကို တွေ့ရပါတယ်။ ထပ်မံပြီး ကလေးတွေကို ကျောင်းသွားရင် ခြေပြတ်လက်ပြတ် ဖြစ်မယ်။ သေဆုံးမှုတွေ ဖြစ်နိုင်မယ်လို့ ခြိမ်းခြောက် ထားတာလည်း တွေ့ရ ပါတယ်။ BBC Burmese သတင်းဌာနကနေ လွတ်မြောက် နယ်မြေမှာ စစ်သင်တန်းတက်ပြီးနောက် မြို့ထဲ ပြန်ဝင်လာ သူဆိုတဲ့ခေါင်းစဉ်နဲ့ လူငယ်ကိုဖိုးဇော်ကို မေးမြန်း နေတာတွေကို နားထောင်လိုက်ရပါတယ်။ ဒီအင် တာဗျူးထဲမှာ သူတို့က ဖောက်ခွဲဖျက်ဆီးရေး သင်တန်း တက်ရတယ်။ ပြောက်ကျားစစ်ဆင်ရေး တွေ ဆင်နွှဲမယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဒေါက်တိုင်တွေကို တိုက်ခိုက်မယ်။ ယိုင်နဲ့သွားအောင်လုပ်မယ်။ CDM မလုပ်တဲ့ ဌာနတွေကို တိုက်ခိုက်မယ်လို့ ပြောသွားပါတယ်။ ဒီပြောကြားချက်တွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဘယ်လိုမျိုး ဆက်လက်စီမံ ဆောင်ရွက် သွားမ လဲဆိုတာ သိချင်ပါတယ်။ ။
ဖြေ(၄)။ ဒီအင်တာဗျူးတွေအရ ကျောင်းနေ အရွယ် ရိုးသားတဲ့ ကလေးသူငယ် တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့နဲ့ CDM မလုပ်တဲ့ NON CDM ဝန်ထမ်းတွေကို လုပ်ကြံတိုက်ခိုက်ဖို့ စီစဉ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒီလို ကျောင်းနေအရွယ် ကလေးသူငယ်တွေနဲ့ လက်နက်မဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို တိုက်ခိုက် လာခဲ့ရင် အကြမ်းဖက် ဆူပူသောင်းကျန်းသူတွေ ကို ပြင်းထန်ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။