Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းသည့် မေးခွန်းနှင့် အဖြေများ

 

မေး(၁)။ ငွေကြေးကျပ်တည်းမှုကို အခွင့်ကောင်းယူကာ ငွေကြေးချမ်းသာတဲ့ စစ်ဗိုလ်ချုပ် ဟောင်းများ အပါအဝင် ၎င်းတို့နှင့်နီးစပ်သည့် စစ်တပ်အသိုင်းအဝိုင်းက ကျပ်ငွေသား လက်ဝယ် လိုချင်သူများကို အမြတ်တင် ရောင်းချ နေတယ်ဆိုပြီး Irrawaddy သတင်းဌာနက ဖော်ပြထားတာတွေ့ရှိ ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဖြစ်မှန် သိချင်ပါ တယ် ခင်ဗျာ ။

ဖြေ။(၁) လက်ရှိနိုင်ငံမှာ Banking Systemကြောင့် ပြည်သူများ ငွေကြေးကျပ်တည်း မှု ဖြစ်ပေါ်နေတယ်ဆိုပြီး မသမာသူ ဘူဇွာလူတန်း စားက ဘဏ်အကောင့်အချင်းချင်း ငွေကြေးလွှဲပေး ပြီး ရာခိုင်နှုန်းဖြတ်၍ ငွေသား ပေးချေမှုများ ပေါ်ပေါက်လျက်ရှိတယ်လို့ သတင်းများ ထွက်ပေါ် လျက်ရှိသည့်အတွက် အဖွဲ့ဖွဲ့၍ စစ်ဆေး ဆောင်ရွက် လျက်ရှိပါတယ်။ မေလ ၃၁ ရက်နေ့က တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခ လျော့နည်းနှုန်းများယူ၍ ငွေသားပေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ချိုချိုလှိုင်(၂၉)နှစ် (ဘ) ဦးသိန်း ဝင်းအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှု ဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး ကျန်ရှိသော တရား မဝင် ငွေလွှဲ/ငွေ ထုတ်ဆောင်ရွက်သူများအားလည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ။

မေး(၂)။ ယခင် NLD သက်တမ်းအတွင်း ဖမ်းမိထားတဲ့သစ်တွေကို မြန်မာ့သစ်လုပ်ငန်း က သစ်လေလံပွဲပြုလုပ်ပြီး ရောင်းချမယ်လို့  Irrawaddy က ရေးထားတာ တွေ့ပါတယ်။ ဒီလို လုပ်ငန်းစဉ်တွေက အရင်က ရောင်းချမှု ရှိပါသလား၊  ဘယ်လိုရောင်းချမှာလဲ ဖြေကြားပေးပါ။

ဖြေ(၂)။ မြန်မာ့သစ်လုပ်ငန်းက တရားဝင်သစ်ထုတ်ခွင့်ပြုထားတဲ့ နိုင်ငံပိုင်စီးပွား ရေး အဖွဲ့အစည်းဖြစ်တဲ့ အားလျော်စွာ ဌာနမှ ထုတ် လုပ်ရရှိသစ်များနဲ့ ဖမ်းဆီးရမိသစ်များကို ပြည်တွင်း ရှိ ပုဂ္ဂလိကပိုင် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေဖို့ ပုဂ္ဂလိက လုပ်ငန်း ရှင်များ သို့ (ရုံးချုပ်) အိတ်ဖွင့်တင်ဒါဒေသ အိတ်ဖွင့်လေလံ စနစ်များဖြင့် ပွင့်လင်းမြင်သာစွာ တရား ဝင်ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။ သစ်နဲ့ပတ်သက်တဲ့ (MSME)လုပ်ငန်းများ ကုန်ကြမ်းအဆင်ပြေချောမွေ့ စွာ ရရှိစေရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သီးသန့်ဒေသ အိတ်ဖွင့် လေလံစနစ်နဲ့ ပွင့်လင်းမြင်သာစွာ ဖြန့်ဖြူး ရောင်းချလျက်ရှိပါတယ်။ သစ်လုံး/ခွဲသား အိတ်ဖွင့်တင်ဒါ ဆောင်ရွက် မယ့် အစီအစဉ်ကို မြန်မာ့သစ်လုပ်ငန်း Web-Site ဖြစ်တဲ့ (www.mte.com.mm) နဲ့ နိုင်ငံပိုင် ကြေးမုံ၊ မြန်မာ့ အလင်းသတင်းစာတို့မှာ (၃)ပတ်ကြိုတင် ကြေညာခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ တင်ဒါ ဆောင်ရွက်မယ့် အစီအစဉ်နဲ့ ကြော်ငြာအား အကြောင်းကြားခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန် ဆောင်ရွက်လျက်ရှိပါတယ်။

မေး(၃)။ မနေ့က ဇွန် ၂ ရက်နေ့ည၉နာရီကျော်မှာကျောက်ဆည်မြို့ ထားဝယ်လမ်းရှိ ပြည်ပန်း စစ်ဆေးရေး ဂိတ်အား ကျောက်ဆည်ပြောက်ကျားတပ်ဖွဲ့က လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခဲ့လို့ စစ်သည် ၃ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိတယ်လို့ Bago Watch News agency 064 2009:gjeo ထားတာ ဖတ်ရပါတယ်။ ဒီသတင်း မှန်/ မမှန် လေး သိပါရစေခင်ဗျာ။

ဖြေ(၃)။ မနေ့က ကျောက်ဆည်မြို့က စစ်ဆေး ရေးဂိတ်ကို လက်လုပ်မိုင်းနဲ့ လာပစ်တာ မှန်ပါတယ်။ ဒါပေမယ့် အသံမိုင်းပါ။ ထိခိုက်ဒဏ်ရာ ရရှိမှုတစ်စုံတစ်ရာ မရှိပါဘူး။ လာပစ်တဲ့အကြမ်းဖက် သမားတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါ တယ်။ စစ်သည်တွေ ကျဆုံးတယ်၊ ဒဏ်ရာရတယ် ဆိုတာကတော့ သတင်းအမှားပါ။