Skip to main content

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်လိုက်ပါလာသူများအား ပစ်သတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာအချို့က မဟုတ်မမှန် လုပ်ကြံ သတင်းများ ဖော်ပြနေမှုနှင့်ပတ်သက်၍ သတင်းအမှန်ထုတ်ပြန်ခြင်း

 

နေပြည်တော်၊ ဇွန်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် စီးအား မီးရှို့ကာ ယာဉ်ပေါ်လိုက်ပါလာသူများ အား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန်လ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ဂန့်ဂေါမှာ လျှာဖြတ်ပြီး မီးရှို့အသတ်ခံလိုက်ရတဲ့ ဦးရဲ့ ဖြစ်စဉ်ဟူသော ခေါင်းစဉ်ဖြင့် မီဒီယာအချို့နှင့် အကြမ်းဖက်ပြုလုပ်မှုများအပေါ် လှုံ့ဆော်အားပေးသူ များက ပြည်သူလူထုအတွင်း အကြောက်တရား များပိုမိုဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ မြေပြင်ဖြစ်စဉ် အမှန်ထက် ပိုမိုလွန်ကျူးစွာ ရေးသားဖော်ပြခဲ့သည်ကို Facebook လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ အကြမ်းဖက်အုပ်စုအနေဖြင့် ယာဉ်ပေါ်တွင်ပါရှိလာသူ ဦးအား သေနတ်ဖြင့် ပစ်သတ်ကာ ယာဉ် အတွင်းထည့်သွင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်မှ ဒဏ်ရာရရှိကာ အသက်ဘေးမှ လွတ်မြောက်ခဲ့သူ မသဲမာထွေး၏ ကိုယ်တိုင်ကြုံတွေ့ခဲ့မှုများအား ပြန်လည်ပြောပြရာမှ သိရှိခဲ့ရပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ အများပြည်သူလူထုအနေဖြင့် မီဒီယာအချို့နှင့် အကြမ်းဖက်ပြုလုပ်မှုများအပေါ် လှုံ့ဆော် အားပေး သူများ၏ Facebook လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံရေးသား နေမှုများအား အသိ၊ သတိဖြင့် ယှဉ်ကာ ချင့်ချိန်ဝေဖန် သုံးသပ်နိုင်ပါရန် အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။

သတင်းစဉ်