Skip to main content

ဖောက်ခွဲမှုကျူးလွန်သူများအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇွန်

   ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပေါ်ရပ်ကွက်များ၌ ပေါက်ကွဲမှုဖြစ်စဉ်များမှ ကျူးလွန်သူ များအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇွန်လ ရက် နံနက် နာရီခန့်တွင် မြောင်းမြမြို့၊ အမှတ်()ရပ်ကွက်၊ (၁၁)လမ်းနေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးနော်မိုင်လှကြည်၏ နေအိမ်ခြံစည်းရိုးထောင့်ရှိ အုတ်ရေမြောင်းဘောင်ပေါ်၌ မသင်္ကာဖွယ်အထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း လုံးတွေ့ရှိခဲ့ရပြီး ယခင်အကြမ်းဖက်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့သည့် တရားခံ ချစ်ကိုကို()ချစ်ကိုအား ဖမ်းဆီးစဉ် သိမ်းဆည်းရမိခဲ့သည့် မိုင်းပုံစံနှင့်တူညီနေသည့်အတွက် အသေးစိတ်ထပ်မံစစ်ဆေးခဲ့ သည်။

    ထိုသို့ စစ်ဆေးခဲ့ရာ ချစ်ကိုကို()ချစ်ကို၏ ထွက်ဆိုချက်အရ ၎င်းအား လက်လုပ်မိုင်းများ ပြုလုပ်ပေးသူမှာမြောင်းမြမြို့၊ အမှတ်()ရပ်ကွက်နေ ဖိုးဒီ()သစ်လွင်သန့် (၃၀)နှစ် ဂရုဏာရှင်ပရဟိတ အသင်းဝင်၊ သစ္စာဦးဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်း ()ဦးကျင်အစ်နှင့် အခြားအမျိုးသား ဦး တို့ဖြစ်ကြောင်း၊ ဖိုးဒီ()သစ်လွင်သန့်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မြောင်းမြမြို့၊ ညောင်ခြေထောက်ကျေးရွာနေ ဦးအင်ဟုတ်(၆၇)နှစ် () ဦးတင်မောင်() ပေါက်ချမ်း၏နေအိမ်၌ ရောက်ရှိပုန်းခိုနေကြောင်း သိရှိရသဖြင့် သွားရောက်ဖမ်းဆီးရာ ဇွန်လ ရက်နေ့ ညနေ နာရီ ၁၅ မိနစ်ခန့်တွင် ဖိုးဒီ()သစ်လွင်သန့်အား ဖမ်းဆီးရမိခဲ့ပြီး အိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဦးအင်ဟုတ် အား အကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်များနှင့် လည်းကောင်း   ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် ဇွန် ရက် နံနက် ၁၁ နာရီ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ အမှတ်()ရပ်ကွက်၊ မေတ္တာလမ်းနေ နေမျိုးအောင်()ဆံရှည် အား လက်လုပ်ဗုံး ၃၄ လုံး၊ ကီးပက်ဖုန်း လုံး၊ အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ညနေ နာရီခန့်တွင် ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ အမှတ်(/ ၇၀)နေ မဇာ()တင်ဇာနွေး(၄၁)နှစ်၊ ()ဦးဇော်ဆန်း နေအိမ်၌ လက်လုပ်သေနတ် လက်၊ M-22 ကျည်အိမ် ခုနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ် အမျိုးသား ဦး မောင်းနှင်ထွက်ပြေးသွားသည့် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကျန်ခဲ့သည့် အထုပ်အတွင်းမှ ပစ္စတိုသေနတ် လက်၊ ၎င်းကျည် တောင့်ပါ ကျည်အိမ် ခု၊ ကျည် ၁၇ တောင့်၊ စနစ်တံပါ လက်ပစ် ဗုံး လုံးတို့အားလည်းကောင်း၊ ယနေ့နံနက် နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်း ကျွန်းမြို့နယ်၊ (၁၆/)ရပ်ကွက်နေ ချစ်မင်းထွေး(၃၀)နှစ်()ဦးမြင့်သိန်း ပါ အမျိုးသား ဦးနေထိုင်သည့် နေအိမ်အတွင်းမှ အကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ နံနက် နာရီ ၁၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ဇော်မျိုးထွန်း()အိတီ(၄၇) နှစ်()ဦးထွန်းသိန်း အား အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

   အထက်ပါ ဖောက်ခွဲမှုဖြစ်စဉ်များတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်းပြုလုပ် ပေးခဲ့သူများ၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့် လက်နက်၊ ပစ္စည်းကိရိယာများ၊ သိုဝှက်သိမ်းဆည်း ထားရှိသူများနှင့် လက်ဝယ်ထားရှိသူများအား ဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား