နေပြည်တော် ဇွန် ၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး မတ္တရာ၊ စဉ်ကူးနှင့် ကျောက်မြောင်းမြို့နယ် တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးများ တွင် ဝန်ထမ်း များနှင့် လည်းကောင်း၊ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး၌ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံသည်။
ဇွန် ၁ ရက်တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံတို့အား တွေ့ဆုံ၍ ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် လည်းကောင်း၊ ကောလင်းခရိုင်ရုံးတွင် ကောလင်း ခရိုင်နှင့် ပင်လည်ဘူးမြို့နယ်တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံတို့အား လည်းကောင်း တွေ့ဆုံပြီး ထပ်ဆင့် လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် ထပ်ဆင့်လွှင့် စက်ရုံမှူးတို့အား တွေ့ဆုံပြီး ဝန်းသိုမြို့ ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဝန်ထမ်း များ၏တင်ပြချက်များနှင့် လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်း ပေးပြီး နိုင်ငံ့ဝန်ထမ်းပီပီ သစ္စာရှိရှိ စိတ်ကောင်းစေတနာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရေး မှာကြား ခဲ့သည်။
သတင်းစဉ်