ပညာတည်းဟူသော ဖူးပွင့်ဝေဆာနေသည့် ဥယျာဉ်ကြီးတစ်ခု ဖြစ်လာရေးအတွက် ပျိုးထောင်ထားသော ပန်းကောင်း အညွန့်အဖူးလေးများ ဖျက်ဆီးခံရမည့်အရေးကို မည်သူမျှလက်မခံပါ။ မည်သူမျှလည်း မနှစ်သက်၊ ဆန့်ကျင်ရှုတ်ချကြမည်သာ ဖြစ်သည်။ ယနေ့အချိန်တွင် ပန်းပေါင်းဝေဆာနေသော ပညာပန်းခင်းလေးများ အညွန့်တလူလူနှင့် ရှင်သန်ဝေဆာလာသည်။ တစ်ဖက်တွင် ပညာဥယျာဉ်များကို ဖျက်ဆီးသူများရှိနေကြသည်။ ဖျက်ဆီးရန်ကြံစည်နေကြသည်။ ။
ပညာဥယျာဉ်သာမက အများပြည်သူ လန်းဆန်းစေမည့် ဥယျာဉ်များ ကိုလည်း ဖျက်ဆီးနေကြသည်။ နိုင်ငံရေးကို အကြောင်းပြု၍ မြန်မာနိုင်ငံမှ အဖြစ် အပျက်များမှာ စိတ်မချမ်းသာစရာဖြစ်သည်။ အများပြည်သူလူထု တည်ငြိမ် အေးချမ်း မှုနှင့် အသက်မွေးဝမ်းကျောင်းမှုများပါ ထိခိုက်နစ်နာလျက်ရှိသည်။ နိုင်ငံရေး အကြောင်းပြု၍ အဖျက် သမားများမှာ အလျှိုလျှိုပေါ်လာသည်။ အဖျက်လုပ်ရပ်များကို အမျိုးမျိုးအဖုံဖုံလုပ်ကိုင်လာကြသည်။ အနီးစပ်ဆုံး အားဖြင့် နမူနာကြည့်မည်ဆိုလျှင် အိမ်နီးချင်းထိုင်းနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ အကြိမ်များစွာ ဖြစ်ပေါ် ခဲ့သည်။
၎င်းနိုင်ငံမှ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်၍ ဆူပူ မှုများ ဖြစ်ပွားနေစဉ် စက်ရုံ၊ အလုပ်ရုံ၊ စာသင်ကျောင်းများကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း မရှိပေ။ စီးပွားရေး၊ သွားလာရေး၊ လူမှုရေးတို့တွင် နှောင့်ယှက် ဟန့်တားဖျက်ဆီး မှုများ ပြုလုပ်ခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော်၎င်းနိုင်ငံမှ နိုင်ငံရေးသမားများ သည် ၎င်းတို့အာဏာရရှိရေးအတွက် ဆန့်ကျင်လှုပ်ရှားကြရာတွင် အများပြည်သူ တို့အား အကြမ်းဖက်ရန်၊ နှောင့်ယှက်ဖျက်ဆီးရန် လှုံ့ဆော်အားပေးခြင်းမရှိပေ။ ၎င်းတို့နိုင်ငံမှ နိုင်ငံရေးသမားများသည် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အားထုတ်ခဲ့ကြပြီး နိုင်ငံနှင့် အများပြည်သူအကျိုးစီးပွားကို ပျက်စီးအောင် မပြုလုပ် ခဲ့သဖြင့် တိုင်းပြည်နှင့်လူမျိုးမှာ ဣန္ဒြေမပျက် တည်တည်ငြိမ်ငြိမ်ရပ်တည်နိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင်မူ ဤသို့မဟုတ်ပြီ။ နိုင်ငံရေးသမားများသည် မိမိတို့အာဏာ မရရှိသဖြင့် တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားပျက်ပြားအောင် အလုံးစုံဖျက်ဆီး ရေးကို ကြိုးပမ်းအားထုတ်လာခဲ့သည်။ အထူးသဖြင့် မည်သို့မျှဖျက် ဆီးရန် မသင့်လျော်သော စာသင်ကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားရေးကို နှောင့်ယှက်ဖျက်ဆီး လာကြသည်။ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမှ မပြုလုပ်ခဲ့ကြသော စာသင်ကျောင်းများကို နှောင့်ယှက်ဖျက်ဆီးလာကြသည်။ ကလေးများ၏ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာဘဝများအား ဖျက်ဆီးမှုများကို မိဘ ပြည်သူ များကလည်း လက်မခံ၊ နိုင်ငံတော်အစိုးရကလည်း ကာကွယ်ပေးလျက်ရှိသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က မြန်မာကျောင်းများနှင့် ပညာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများကို ဇွန် ၃ ရက်နေ့က ပြစ်တင်ရှုတ်ချ လိုက်သည်။ အဆိုပါ အကြမ်းဖက်မှုများအား လက်သင့်မခံ နိုင်ကြောင်းနှင့် ကလေး များ၏အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စာသင် ကျောင်းများနှင့် ကျောင်းအနီးပတ်ဝန်းကျင်ဒေသများတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကို မည်သည့် နည်းဖြင့်ပင် လက်ခံနိုင်စရာမရှိ။ ကျောင်းများနှင့် အခြားပညာရေးအဆောက်အအုံများကို ပဋိပက္ခများနှင့် မငြိမ်မ သက်မှုများမှ ကာကွယ်သွားရမည်ဖြစ်ကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ကြေညာခဲ့သည်။
ယူနီဆက်ဖ်၏ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မေလ ၃၁ ရက် နေ့အထိ စာသင်ကျောင်းများနှင့် ပညာရေးဝန်ထမ်းများအား တိုက်ခိုက်မှု ၅၄ ကြိမ်ထက်မနည်းရှိခဲ့ပြီး မေလတစ်လတည်းတွင် တိုက်ခိုက်မှု ၃၉ ခုရှိခဲ့ သည်။ ဗုံးထောင်ပေါက်ကွဲမှုများလည်း အများပြည်သူနေရာများတွင် ဖြစ်ပွားခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် တစ်နှစ်ကျော်ကြာကျောင်းများပိတ်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်က ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ မြန်မာ နိုင်ငံရှိ အဖွဲ့ အစည်းများအား ဘေးကင်းလုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရေးကို ဦးစားပေးလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ ယခုအခါ လုံခြုံရေးအဖွဲ့ အစည်းများနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ကျောင်းများဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူ များ ပညာသင်ကြားနေကြပြီ။ နှောင့်ယှက်ဖျက်ဆီးမှုများကို ဝိုင်းဝန်းကာကွယ် ကြရမည် ဖြစ်သည်။
ကျောင်းသား ကျောင်းသူ ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ ပညာ သင်ကြားရေးကို ဆောင်ရွက်ကြ ရမည်ဖြစ် သည်။ တစ်နှစ်ကျော်ကြာ ပညာမသင် ကြားခဲ့ရသဖြင့် ယခုအခါပညာသင်ကြားခွင့်ရလာရာ ကျောင်း တက်နေ သော ကလေးသူငယ်လူရွယ်များ ပျော်ရွှင်ချမ်းမြေ့နေကြသည်။ ကျောင်းတက်ခွင့် မရကြ သေးသော ကလေး သူငယ်လူငယ်များအတွက်လည်း ကိုယ်ချင်းစာနာကြရမည် ဖြစ်သည်။ သူတို့လည်း ကျောင်းတက် ချင်ကြ မည်ဖြစ်သည်။ မိဘ၊ ဆရာ၊ လုံခြုံရေး အဖွဲ့ အစည်းများပူးပေါင်း၍ စိတ်ချလက်ချ ကျောင်းတက်နိုင်ရေးကို ဆောင်ရွက် ပေး လျက်ရှိရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်အောင်ဆောင်ရွက် ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ပညာပန်းခင်းပျိုးခင်းများ ရှင်သန်ဖူးပွင့်ဝေဆာအောင် ဆောင်ရွက် ရေးမှာ အားလုံးလိုလားသောအချက် ဖြစ်သည်။ ပညာပန်းဥယျာဉ်ကြီး ပျက်စီးအောင် နှောင့်ယှက်ဖျက်ဆီးမှုများကို မည်သူမျှလက်မခံ။ ပန်းပျိုးခင်းများ ဖျက်ဆီးမှုများကို ဆန့်ကျင်ရှုတ်ချ၍ ပညာပန်းခင်းကို ကာကွယ်ကြရမည်ဖြစ်ပါကြောင်း။ ။