Skip to main content

ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်သက်ခိုင်  ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့နှင့် တွေ့ဆုံ

 

နေပြည်တော် ဇွန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံ အတွင်း ရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့ကို ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တွင် အာဆီယံက မြန်မာ နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွက် လက်ရှိ ဆောင်ရွက် နေသော ဦးစားပေးစီမံကိန်း () ရပ်ကို ဆက်လက် အကောင်အထည်ဖော်ရေးနှင့် ကျန်ရှိနေသေးသော စီမံကိန်း များအတွက် အာဆီယံက နိုင်ငံတကာအလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ပြန်လည်လက်ခံရေး လုပ်ငန်း စဉ် အတွက် စတုတ္ထအကြိမ်မြောက်  အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ကုန်တွင် ကျင်းပ နိုင်ရေးနှင့် အာဆီယံကတဆင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)