Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး  ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည် ဆောက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 

နေပြည်တော် ဇွန်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ မူဝါဒများနှင့်အညီ ပြန်လည် ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၏ ရှေ့ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ၊ ဦးစားပေးဆောင်ရွက်မည့် အစီအမံ များနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို  ယနေ့ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့် အညီ ကျင်းပသည်။

အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက  သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးချိန် တွင် ဘေးသင့်ပြည်သူများ ဘေးကင်း လုံခြုံ သည့်နေရာတွင် ယာယီနေထိုင်နိုင်ရေး စီမံဆောင် ရွက်ပေးရန်ဆိုသည့် လုပ်ငန်းတာဝန်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများ/ ဒေသအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ ဘေးသင့်ပြည်သူများ ဘေးကင်းလွတ်ရာနေရာများတွင် ရွေ့ပြောင်းနေထိုင်နိုင်ရန် ယာယီအဆောက်အဦများ တည်ဆောက်ပေးခြင်းကို တတ်နိုင်သမျှ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

ပြန်လည်တည်ဆောက်ပေးရမည့် လုပ်ငန်းများ၏ အဆောက်အဦဒီဇိုင်းများကို သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် ဒေသအလိုက် ဘေးအန္တရာယ် အမျိုးအစားအပေါ် မူတည်၍ ဒီဇိုင်းများ ပြန်လည် စိစစ် တွက်ချက်ပြီး သဘာဝဘေးဒဏ်ခံနိုင်သော အဆောက်အဦများ တည်ဆောက်ပေးနိုင်ရေးအတွက် ညွှန်ကြား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှံးသည့် လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများ၊ မြို့ပြနှင့် အများပိုင် အဆောက်အအုံများကို သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိစွာ ပြန်လည် တည်ဆောက်ပေးရန်ဆိုသည့် လုပ်ငန်း တာဝန်နှင့် ပတ်သက်ပြီး ဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်လျော့ပါးရေး အစီအမံလုပ်ငန်းများကို ထည့်သွင်း စဉ်းစားဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။

ယင်းနောက်  လုပ်ငန်းကော်မတီအတွင်းရေးမှူးက ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ယခင်နှစ်များတွင် သဘာဝ ဘေးဒဏ်ကြောင့်ပျက်စီးမှု၊ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များ၊ မှတ်တမ်းဓာတ်ပုံများကိုဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန်က မြို့ပြနှင့် ကျေးလက်ဒေသများတွင် သဘာဝဘေးဒဏ်ခံနိုင်သည့် အဆောက် အဦများ တည်ဆောက်ပေးရေး၊ ပျက်စီးသွားသော မြို့ရွာများအား မြို့/ရွာအင်္ဂါရပ်နှင့်အညီ ဆောင်ရွက် ပေးရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကြိုတင်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက် ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားသည်။

 ယနေ့အစည်းအဝေးမှ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း ကော်မတီ၏ ဆောင်ရွက် မည့်အစီအစဉ် (၁၆)ရပ်ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)