Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး  အာဆီယံဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ကိုလက်ခံတွေ့ဆုံ

 

နေပြည်တော် ဇွန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဖြစ်သူ H.E. Dato Lim Jock Hoi တို့ကို ယနေ့ ညနေ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းမှု အခြေအနေ၊ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် () ရပ်အနက် ပထမ လုပ်ငန်းစဉ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ မဲစာရင်းများ စစ်ဆေးခြင်းနှင့် မဲလက်မှတ် များအား မြေပြင်တွင်စစ်ဆေးဆောင်ရွက်နေမှုအခြေအနေ တွေ့ရှိချက်များ ကို နေ့စဉ်ထုတ်ပြန်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်တို့ကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကျင်းပမည့်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ကျင်းပ ပါက အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊   အာဆီယံဘုံသဘော တူညီချက် () ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် () ရပ် အပေါ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ မြန်မာနိုင်ငံဆိုင်ရာအာဆီယံသံတမန်ခန့်အပ်၍ မြန်မာ့နိုင်ငံရေး အပါအဝင် ကိုဗစ် - ၁၉ ကြောင့် ကျဆင်း လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေတို့ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်း ရရှိသည်။

( သတင်းစဉ်)