မန္တလေး ဇွန် ၄
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့နံနက် ပိုင်းတွင် နန်းမြို့ ကျုံးတောင်ဘက် မြို့ရိုးနှင့် ကျုံးကြားတွင် မန်းသီတာဥယျာဉ်ပြန်လည် တည်ဆောက်မည့်နေရာသို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုအား မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းနှင့် ကော်မတီဝင်များက မန်းသီတာဥယျာဉ်ပြန်လည် တည်ဆောက်ရန် စီမံကိန်းတွင် ပါဝင်ရေးဆွဲ ထားသည့် မန္တလေးရိုးရာယဉ်ကျေးမှုဖော် ညွှန်းသောပန်းခြံ၊ ပြည်သူ့ဥယျာဉ်၊ မိသားစုအပန်း ဖြေနေရာများ၊ မန္တလေးရုက္ခဗေဒ ဥယျာဉ်ပြတိုက်၊ လေဟာပြင်စင်မြင့်၊ မန္တလေးပြည်သူ့ဥယျာဉ်၊ နန်းတော်နှင့်ပတ်ဝန်းကျင် အနေအထား၊ အပန်းဖြေဥယျာဉ် လျှောက်လမ်းအဝင်အထွက်လမ်းများ၊ မိုးရေလျှံ ထုတ်မြောင်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျုံး အတွင်း ပတ်လမ်းရှိ မန်းသီတာ ဥယျာဉ်ပြန်လည်တည်ဆောက်မည့်မြေနေရာအခြေအနေ၊ ကျုံးရေပြင်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုကြသည်။
(သတင်းစဉ်)