Skip to main content

မြိတ်နှင့် အမရပူရမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇွန် ၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် ညနေ ၅ နာရီတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအနီးတွင် မဇင်မာစိုး မောင်းနှင်လာသော ဆိုင်ကယ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၄၇ ပြားကိုလည်းကောင်း၊ အလားတူ ဇွန် ၂ ရက် နံနက် ၁၀ တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စက်ကွေ့ ရပ်ကွက်၊ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် မနန်းထွေးထွေးခိုင် မောင်းနှင်ပြီး မအိရွှေစင် လိုက်ပါ လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၉၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်း တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေး ယူထား ကြောင်း သိရသည်။

(သတင်းစဉ်)