Skip to main content

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မူဝါဒဆိုင်ရာအစည်းအဝေး ကျင်းပ

 

နေပြည်တော်  ဇွန်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်၁၈၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင် ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုမူဝါဒများအဓိထား ဆွေးနွေးနိုင်ရန် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ ချောမွေ့စေခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖြေလျှော့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းတို့မှတစ်ဆင့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တစ်နေရာ တည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့် ဌာနများ၏ စံချိန်စံညွှန်းမီ လုပ်ထုံး လုပ်နည်း များစသည်တို့ကို အတည်ပြု ခဲ့သည်။ ထို့ပြင် ကြန့်ကြာနေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပညာရေး ဝန်ဆောင် မှုနှင့် ရာသီသီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းစသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး အထောက် အကူပြု နိုင်မည့် မူဝါဒ အစီအမံများကို ချမှတ်ခဲ့သည်။ 

(သတင်းစဉ်)