Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများရှိ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၅/၂၀၂၁ ကျင်းပ

 

နေပြည်တော် ဇွန်

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ အစည်းအဝေး ခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အခြေအနေအချိန်အခါအရ တိုင်းဒေသ ကြီး/ ပြည်နယ်စာရင်း စစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ် ရုံးအချို့တွင် လုပ်ငန်းများဆောင် ရွက်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများကို ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပုံမှန်ပြန်လည် ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း၊  လက်ရှိ ဆောင်ရွက် နေသည့် စစ်ဆေး ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန် ဦးစားပေးအစီအစဉ်များ စနစ်တကျရေးဆွဲ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်း အင်အား ဖြည့်ဆည်းနိုင်ရေးအတွက် ပိုမိုကောင်းမွန် သည့်နည်း လမ်းများဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မျက်မြင် စစ်ဆေး ခြင်းသည် အရေးကြီးကြောင်း၊ သွားလာရန်ခက်ခဲသည့် ဒေသများတွင် ဆောင်ရွက်ထားသည့် လုပ်ငန်းများ အတွက် ခိုင်လုံသေချာသည့် မှတ်တမ်း ဓာတ်ပုံများ၊ အထောက်အထားများ ရယူရန်လိုအပ်ကြောင်း၊ စာရင်းစစ်ရုံးများ၏ တည် ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီမှန်ကန်စေရေး ကြီးကြပ်ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။ 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ ကျန်းမာရေး၊ သွားလာ နေထိုင်မှုအတွက် ဂရုပြုစေလိုပါကြောင်း၊ ရုံးနှင့် ရုံးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် များကို ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ အောင်အောင်မြင်မြင်နှင့် စည်းကမ်းတကျ လုပ်ဆောင်နိုင်ရေးကို အဓိကဦးတည်ပြီး အရှိန်အဟုန်မပျက် ဆောင်ရွက် နိုင်ရေး၊ အချိန်မီ ပြီးစီးရေး တို့ကို ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ညွှန်ကြားရေးမှူးများက ဝန်ထမ်းအင်အား၊ စစ်ဆေးရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စီမံရေးရာလုပ်ငန်းဆောင်ရွက်မှုများနှင့် အထွေထွေ ကိစ္စရပ်များ တင်ပြကြရာ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)တို့က တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်း ဖြေရှင်း ခဲ့ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်က လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်