နေပြည်တော် ဇွန် ၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဇွန် ၅ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် ကလေးများအနေဖြင့် ဂဏန်းသင်္ချာများကိုတွက်ရာ၌ စက်ပစ္စည်း အကူအညီမယူဘဲ မိမိဘာသာတွက်ချက် သင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဂဏန်းပေါင်းစက်နှင့်ဘိုဘို” မျက်နှာဖုံး ဇာတ်လမ်း၊ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်အောင် သစ်ပင်များ စိုက်ပျိုးသင့်ပုံအကြောင်းကို နှိုးဆော်ရေးဖွဲ့ထားသည့် “သစ်ပင်စိုက်ဖို့ ပျိုးပင်လေးတွေရှာဖွေ ကြပါစို့” သုတဆောင်းပါးနှင့် ပန်ကာလေ ဖြင့် အိပ်စက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သတိပြုလိုက်နာဖွယ် တင်ဆက်ထားသည့် “ပန်ကာလေဖြင့် အိပ်စက်သင့်သလား” သုတဆောင်းပါး၊ မိမိပေးသောအကူအညီသည် သူတစ်ပါး အတွက် အကျိုးရှိသောအရာ ဖြစ်သင့်ပုံ အကြောင်းကို ပညာပေးတင်ဆက်ထား သည့် “ဆုတောင်းမေ” နှစ်မျက်နှာကာတွန်း၊ လောက၌ သူတစ်ပါး၏ကျေးဇူးကို အခွင့်အခါသင့်သည့်အချိန်တွင် ပြန်ဆပ်သင့်ပုံ အကြောင်းကို တင်ဆက်ထားသည့် “တုံ့ပြန်စေတနာ” ပုံပြင်၊ ကလေးများ ပေးပို့သော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေဖဲနှင့် သွေးသောက်ညီအစ်ကိုဖွဲ့ မိသော ဖိုးလုံး အကြောင်းကို တင်ဆက်ထားသည့် ကာတွန်းမြတ်နိုး၏ “ရွှေဖဲ” နှစ်မျက်နှာ ကာတွန်း၊ နာမ်ရှေ့တွဲသုံးစကားများ (Determiner) အကြောင်းကို လေ့ကျင့်ခန်း များနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ကဗျာ ကဏ္ဍ၊ စုံလင်စွာဖြင့် ဖတ်စရာမှတ်စရာများ ပါရှိကြောင်း သိရသည်။
သတင်းစဉ်