ရန်ကုန် မေ ၁၅
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၁၁ နာရီကရေစီးရေလာစီမံခန့်ခွဲမှု ဌာနမှ ရေစီးရေလာကောင်းမွန် စေရန် ဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၇၂) ရပ်ကွက်ကျန်စစ်သားမြောင်း အတွင်း ရေစီးရေလာကောင်းမွန် စေရန် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး ပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၀၈)ရပ်ကွက်သို့ သွား ရောက်၍ ကျန်စစ်သားမြောင်း အတွင်း ရေစီးရေလာကောင်းမွန် စေရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ မြောင်း တစ်လျှောက် မလွတ်ကင်းသည့် အတားအဆီးများကို Back Hoe အသုံးပြု ဖယ်ရှားရှင်းလင်းရန် မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၅၂)ရပ်ကွက်သို့ သွား ရောက်၍ မဒချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေး၍ လုပ်ငန်းလိုအပ် ချက်များ ဖြည့်စွက်မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ် (၅၁) ရပ်ကွက် ပြည်ထောင်စု လမ်းမဘေးရှိ ငမိုး ရိပ်ချောင်းအတွင်းသို့ စီးဝင် သည့် ပြည်ထောင်စုမြောင်းမကြီး အတွင်း ရေစီးရေလာကောင်းမွန် စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
သတင်းစဉ်