Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၁၅
နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည် အထွေထွေအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ ရာနှုန်းပြည့် အစုရှယ်ယာရှင်ဖြစ်သော နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဘဏ်မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
တိုးချဲ့ဆောင်ရွက်သွားရန်လို
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ နာယက ဒေါက်တာမောင်မောင်နိုင်က ဘဏ်လုပ်ငန်းများ တိုးတက်အောင်မြင်စေရန် အတွက် မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့ အစည်း များဥပဒေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် မြန်မာနိုင်ငံစာရင်း ကိုင်စံများနှင့်အညီ တိုးတက်ပြောင်းလဲလာသော Digital Banking ကို IT နည်းပညာ ကျွမ်းကျင်မှုများဖြင့် တိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုး ရေးဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးမောင်မောင်က ၂၀၁၉၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဘဏ်လုပ်ငန်း ဆောင်ရွက် မှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်ငြိမ်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြား တင်ပြသည်။
ထို့နောက် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းကို ကြေညာအတည်ပြု ခဲ့ပြီး (Win Thin & Associates Certified Public Accountants)မှ Senior Manager ဒေါ်ခင်မျိုးအောင် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ စာရင်းစစ်အစီရင်ခံ စာကို ဖတ်ကြားခြင်း၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ရှေ့လုပ်ငန်းစဉ်များကို ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုးထွန်းက တင်ပြအတည်ပြု ခြင်းများ ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိဂုံးချုပ်ကျေးဇူး တင်စကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းမြင့်နှင့် Win Thin & Associates Certified Public Accountants အဖွဲ့တို့သည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်