Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း မြို့နယ် အုန်းတောကျေးရွာရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ စာသင်ခန်းအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ သင်ကြားနေမှုကို လှည့်လည် ကြည့်ရှုသည်။
ထို့နောက် ဒီဂရီကောလိပ် အစည်းအဝေး ခန်းမတွင် ကျောင်းအုပ်ကြီး၊ ပါမောက္ခ ဌာနမှူးများနှင့်လည်းကောင်း၊ ဘွဲ့နှင်းသဘင် ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ များနှင့်လည်းကောင်း တွေ့ဆုံပြီး ဝန်ထမ်း များအတွက် အခြေခံစားသောက်ကုန် ခြောက်မျိုးနှင့် ကျောင်းသား ကျောင်းသူများ အတွက် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့နယ် ရွာသစ် ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ ရောက်ရှိ ပြီး နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ များ စာသင်ခန်းမအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ တက္ကသိုလ်ပြတိုက်၊ စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုကာ တက္ကသိုလ် အစည်းအဝေးခန်းမ၌ ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများနှင့် လည်းကောင်း၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ခေတ္တ ပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း တွေ့ဆုံ၍ ဝန်ထမ်းများအတွက် အခြေခံ စားသောက်ကုန် ခြောက်မျိုးနှင့် ကျောင်းသား ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုး မွေးမြူရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တို့တွင် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေးကို ထိခိုက်စေသည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို ရှောင်ရှားရေး၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်၍ ကြံ့ခိုင်အောင် တည်ဆောက်ရေး နှင့် အားကစားပြိုင်ပွဲများ မပြတ်ကျင်းပ ပြုလုပ်ပြီး ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာအောင် လေ့ကျင့်ပျိုးထောင်ပေး ရေးတို့ကို မှာကြားသည်။
 
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် နောက်ဆုံးနှစ်တွင် ကျောင်းသား ကျောင်းသူ၂၇၂ ဦး တက်ရောက် လျက်ရှိပြီး သင်တန်းဆင်းပြီးပါက ပညာရေး (B.Ed)ဘွဲ့ ပေးအပ်၍ ပညာရေးဝန်ကြီးဌာနတွင် အထက်တန်းပြရာထူးဖြင့် လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း) နောက်ဆုံး နှစ်တွင် ကျောင်းသား ကျောင်းသူ ၂၀၂ ဦး တက်ရောက်လျက်ရှိပြီး သင်တန်း ဆင်းပြီးပါ က သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် A.G.T.I ဒီပလိုမာများ ပေးအပ်၍ ဝန်ကြီးဌာနအသီးသီးတွင် အကြီးတန်းစာရေး၊ အငယ်တန်း အင်ဂျင်နီယာ-၃ ရာထူးဖြင့် လည်းကောင်း စတင်တာဝန်ပေး ခန့်အပ်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်