၁။ လူမှုကွန်ရက်စာမျက်နှာ (Facebook) ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အားလုံးအနေဖြင့် ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး (ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ) ပေးသွင်းခဲ့သည့် ငွေကျပ် သုံးသိန်းကို ဇွန်လ ၁ ရက်နေ့မှစ၍ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသကဲ့သို့ သတင်းအမှားအား လွှင့်တင်ထားသည်ကို တွေ့ရှိရပါသည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဝင်ခွင့် အာမခံ ငွေနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်နည်းဥပဒေများ ၃၈ အရသာ ဆောင်ရွက်လျက်ရှိပြီး ၎င်းသတင်း ထုတ်ပြန်ချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည့် ထုတ်ပြန်ချက်မဟုတ်ဘဲ သတင်းအမှားဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်