နေပြည်တော် မေ ၁၄
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် ရန်ကုန်တပ်နယ် ကိုယ်စားပြုအသင်းနှင့် မင်္ဂလာဒုံ တပ်နယ်ကိုယ်စားပြုအသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင် များ၊ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် ( တံခွန်စိုက်ဒိုင်းဆုရရှိသည့် ရန်ကုန် တပ်နယ်ကိုယ်စားပြု အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း ဘော်လီ ဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ခုနစ်သင်း၊ အမျိုးသမီး အသင်း ခုနစ်သင်းတို့ဖြင့် မေ ၁၀ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်