Skip to main content

ပုစွန်၊ ကဏန်းအရှင် တင်ပို့မှု ပို့ဆောင်ရေး ပွင့်လန်းလာပါက ပို့ကုန်ကဏ္ဍ ဦးမော့လာမည်

ရန်ကုန် မေ ၁၄

ပြည်ပဈေးကွက်ရရှိထားသော ပုစွန်၊ ကဏန်းအရှင် ပို့ကုန်မှာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တင်ပို့မှု လျော့ကျခဲ့သော်လည်း လုပ်ငန်းရပ်တန့်ခြင်းမရှိဘဲ လည်ပတ်ခဲ့ရာ ယခုအခါ ပြည်ပလေယာဉ်ခရီးစဉ်များပွင့်လန်းပါက ရေထွက်ပို့ကုန် ကဏ္ဍ ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်မှ သားငါးကဏ္ဍ ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးကို အားပေး ဖော်ဆောင်လျက်ရှိရာ ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ဒေသတွင်းနိုင်ငံများနှင့်ယှဉ်၍ ပြည်ပ ဈေးကွက်ရရှိရန်ကြိုးပမ်းရာ၌ တရုတ်နိုင်ငံနှင့် ဟောင်ကောင်သို့ ပုစွန် နှင့် ကဏန်းအရှင်ဈေးကွက်ကို နှစ်အနည်းငယ်အတွင်းရရှိခဲ့ရာ နိုင်ငံခြားဝင်ငွေရရှိခဲ့ပြီး ယခု ဈေးကွက် နိုင်ငံသို့ တိုက်ရိုက်တင်ပို့သည့် လေယာဉ်ခရီးစဉ် အခက်အခဲကြောင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုယာယီရပ်ဆိုင်းနေခြင်း ဖြစ်သည်။

“ပုစွန်၊ ကဏန်းအရှင်ပို့ကုန်ကဏ္ဍဟာ လေယာဉ်နဲ့ တင်ပို့ရတာဖြစ်တဲ့အတွက် ၂၄ နာရီအတွင်း ရောက်ရှိရမယ့်ပို့ကုန်ဖြစ်ပါတယ်။ ပြည်ပလေယာဉ် ခရီးစဉ်ပြန်စတာနဲ့ လုပ်ငန်းပြန်လည်ပတ်ဖို့အသင့် ပါပဲ။ ကိုဗစ်-၁၉ ပထမလှိုင်းမှာလည်း ဈေးကွက်လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် ပို့ဆောင်ရေး အဆင် ပြေတာနဲ့လုပ်ငန်းပြန်စနိုင်ပါပြီ။ လက်ရှိ တရုတ် နိုင်ငံက မြို့ငါးမြို့နဲ့ ဟောင်ကောင်ကို ပို့တယ်။ အရင်ကနေ့စဉ်ဖြစ်စေ၊ တစ်ရက်ခြားဖြစ်စေ တင်ပို့ ပြီးတော့ နောက်ပိုင်း အနည်းငယ်ပဲပို့ရာကနေ လေယာဉ်ခရီးစဉ်တွေ ရပ်သွားတဲ့အခါမှာ လုပ်ငန်း ယာယီရပ်သွားတာပါ။ လေကြောင်းလိုင်းပွင့်သွားရင် ရေထွက်ကုန် ပို့ဆောင်ရေး ဦးမော့ပါပြီ”ဟု Super Search Capital (Hong Kong) Co.,Ltdą oso$ ရှိသူတစ်ဦးက ပြောသည်။

ဈေးကွက်ရှိရာ နိုင်ငံသို့ပို့ဆောင် မြန်မာနိုင်ငံတွင် ရေထွက်ကုန်ကို စားသုံးရာ၌ ရေချိုအရသာကို နှစ်ခြိုက်လက်ခံပြီး ပြည်ပဈေးကွက်တွင် ပင်လယ်စာအစားအစာကို အများဆုံး နှစ်ခြိုက်သောကြောင့် ဈေးကွက်ဝင် ငါးနှင့် ပုစွန်၊ ကဏန်းတို့ကို မြတ်နှင့်ကော့သောင်းမှ သယ်ဆောင်၍ ရန်ကုန်မှ လေယာဉ်ဖြင့် ဈေးကွက်ရှိရာ နိုင်ငံသို့ ပို့ဆောင်ခြင်းဖြစ်ရာ ကားဖြင့်တင်ပို့နိုင်ရန် စမ်းသပ် လုပ်ဆောင်ရာ၌ ရေထွက်ကုန် အသေအပျောက်များသောကြောင့် ပို့ကုန်အရည်အသွေး ကျဆင်းမှုအပေါ် ထိုစမ်းသပ်မှုကို ရပ်ဆိုင်းခဲ့သည်။

ပညာရှင်များခေါ်ယူသင်တန်းပို့ချ

ထိုသို့ဈေးကွက်သို့တင်ပို့နိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ပြည်ပမှရေထွက်ကုန်ပညာရှင်တို့ကို ခေါ်ယူ၍ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်တို့ကို သင်တန်းပို့ချပြီး ငါး၊ ပုစွန်နှင့် ကဏန်းအရှင်တို့ကို တင်ပို့သည်။ ဥရောပနှင့် အာရှရေထွက်ကုန်ပစ္စည်း ဈေးကွက်တွင် အင်ဒိုနီးရှားနိုင်ငံက အများဆုံး နေရာယူထားပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန် လုပ်ငန်းရှင်များအနေဖြင့် ပုစွန်နှစ်မျိုးနှင့် ကဏန်း အပျော့နှင့်အမာကို တင်ပို့ခြင်းဖြစ်သည်။

ညိမ်းသူ