Skip to main content

မင်းတပ်မြို့ မြို့မရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အား လက်နက်ကိုင် အကြမ်းဖက် သူများက လာရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော် မေ ၁၃

ချင်းပြည်နယ်၊ မင်းတပ်မြို့ မြို့မရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အား လက်နက်ကိုင် အကြမ်းဖက်သူများက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  မေ ၁၂ ရက်  ည ၇ နာရီ မိနစ် ၄၀ ခန့်တွင် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ မင်းတပ်မြို့မရဲစခန်းအား လက်နက်ကိုင်အကြမ်းဖက်သူအင်အား ၁၀၀ ခန့်က တူမီးသေနတ်၊ လက်လုပ် သေနတ်များဖြင့်လည်းကောင်း၊ ည ၇ နာရီခွဲတွင် စံပြရပ်ကွက်ရှိ  မြန်မာ့စီးပွားရေး ဘဏ်ခွဲ၌ လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၅၀ ခန့်က တူမီးသေနတ်၊ လက်လုပ်သေနတ်များဖြင့် လည်းကောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါဘဏ်အား လက်နက်ကိုင် အကြမ်းဖက်သူ အင်အား(၄၀)ခန့်က ထပ်မံ၍ တူမီးသေနတ်များဖြင့်လည်းကောင်း ထပ်မံလာရောက် အကြမ်းဖက်ရန် ပြုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)