Skip to main content

ယခင် မန္တလေးဆေးတက္ကသိုလ်၏ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အရေးယူထား

နေပြည်တော် မေ ၁၃

 

မန္တလေးဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ ခင်မောင်လွင်သည် ဖေဖော်ဝါရီ ၈ ရက်တွင် မန္တလေး ဆေးတက္ကသိုလ်အား CDM ကျောင်း အဖြစ်ကြေညာခြင်း၊ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်နှင့် ဝန်ထမ်းများ အားဦးဆောင်၍ CDM လှုပ်ရှားမှုတွင် ပါဝင်အားပေးကူညီဆောင်ရွက်ခြင်း၊ CDM လှုပ်ရှားမှု တွင်မပါဝင်သေးသည့် ဆရာဝန်နှင့် ဝန်ထမ်းများအား ပါဝင်လာ စေရန်စည်းရုံးလှုံ့ဆော်ခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သည်။

 

ထို့ပြင် ဒေါက်တာ ခင်မောင်လွင်သည် CDM လှုပ်ရှားမှုတွင် ဦးဆောင် လှုံ့ဆော်ခဲ့သည့်အပြင် ဖေဖော်ဝါရီ ၂၆ ရက်က မန္တလေး ဆေးတက္ကသိုလ်အား ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးရီ ဦးဆောင်သောအဖွဲ့မှ Non-CDM ပြုလုပ်၍ ကျောင်းပြန်လည် ဖွင့်လှစ်ကာ ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့်အပေါ် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

 

ထို့ကြောင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒေါက်တာ ခင်မောင်လွင်အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်()နယ်မြေရဲစခန်းမှ ()၂၀/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်လှစ် အရေးယူထားပြီးဖြစ်သည်။

 

အဆိုပါ အမှုဖွင့်လှစ်ထားရှိသော တရားခံ ဒေါက်တာ ခင်မောင်လွင်အား ဝိုင်းဝန်းဖမ်းဆီး ပေးနိုင်ပါရန်၊ တွေ့ရှိပါကနီးစပ်ရာ နယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးနိုင်ပါရန်နှင့် လက်ခံထားသူများအား တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာထားသည်။

 

(သတင်းစဉ်)