နေပြည်တော် မေ ၁၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ၌ ဆူပူအကြမ်းဖက် ဆန္ဒပြသူများ အား ဖြိုခွဲထိန်းသိမ်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆူပူအကြမ်းဖက် သူအမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဆူပူအကြမ်းဖက် ရာတွင် အသုံးပြုသည့် လက်နက်/ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလား သည့် ကျေးရွာနေ ပြည်သူအချို့သည် စိုးရိမ်ထိတ်လန့်ပြီး ကျေးရွာမှ ရှောင်တိမ်းနေသည်ကို သိရှိရသဖြင့် ယနေ့ မွန်းလွဲပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နှင့် အဖွဲ့ဝင်များက တလုပ်မြို့ ကျေးရွာနှင့် ရဲတိုင်ကျေးရွာများသို့ သွားရောက်၍ ကျေးရွာ အတွင်း ကျန်ရှိသော ဒေသခံပြည်သူများ အားတွေ့ဆုံကာ ကျေးရွာများအတွင်း လုံခြုံရေး ဆောင်ရွက် ပေးထားမှု အခြေအနေများကို ရှင်းလင်းပြောကြားအားပေးကာ ကျေးရွာရှိ သက်ကြီး ဘိုးဘွားများကို တိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များက ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရဲတိုင်ကျေးရွာရှိ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရအား ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့ပြင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် မြင်းခြံမြို့မှ တလုပ်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ လျှပ်စစ်မီးဖြန့်ဝေ ပေးနေသော တလုပ်မြို့ကျေးရွာအဝင်ရှိ ဓာတ်မီးတိုင်များအား မြင်းခြံမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်