Skip to main content

ဂိမှာန်နွေရာသီ တေးသီချင်းများဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် ၊ မေ ၁၃

 

ဂိမှာန်နွေရာသီတေးသီချင်းများဖျော်ဖြေပွဲရဲ့ ပွဲစဉ်(၃)ကို မေ(၁၄)ရက်၊ ည(၈)နာရီ သတင်းအပြီး တွင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 

ယင်းအစီအစဉ်ကို  မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့၊ မြန်မာ့အသံဆိုင်းဝိုင်းကြီးအဖွဲ့၊ သံစုံတီးဝိုင်းအဖွဲ့တို့နှင့်အတူ နိုင်ငံကျော်အဆိုတော်များ ဖြစ်ကြသည့် သန်းထွန်းလေး၊ တက္ကသိုလ်ကိုကိုဇော်၊ ရဲထိုက်၊ ဝိုင်းလမင်းအောင်၊ ဝေဝေသီ၊ မေဘရဏီခိုင်၊ နန်းစန္ဒီ၊ မေထူးကျော်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

ထိုသို့ တင်ဆက်ခဲ့မှုကို မေ (၁၆)ရက် နံနက် ၁၀နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)