Skip to main content

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဓားပြမှုနှင့် ခြိမ်းခြောက်မှုတို့ကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော် မေ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မတ် ၁၂ ရက် ညနေ ၃ နာရီခန့်တွင် သိန်းအေး (ခ) ကျွဲကြီး (ဘ) ဦးတင်ရ၊ စိုးသူအောင်(ဘ)ဦးမြသောင်း၊ ဝေယံကိုကို(ခ)ဝေယံ(ဘ) ဦးစိုးဝင်း၊ ကျော်သိန်း(ဘ)ဦးမောင်စိုး၊ အိုက်ပီး(ခ) ဇော်မင်းထွန်း(ဘ)ဦးအုန်းတင်၊ စိုင်းသူရ(ခ) ရှိုင်းသူရ(ဘ)ဦးဌေးကြွယ်၊ ကိုရဲ(စိစစ်တဲ)၊ ဆံရှည်(စိစစ်ဆဲ)၊ စောမိုးလွင်(စိစစ်ဆဲ)၊ ကျော်သူရ (စိစစ်ဆဲ)၊ လှစိန်(ခ)အဗ္ဗဒူဝတ် (ဘ)ဦးစိန်းအေးနှင့် မျိုးမြင့်အောင်(စိစစ်ဆဲ)တို့သည် ဒဂုံမြို့နယ်နေ ဦးခင်မောင်ဌေး၏ အငှားယာဉ်ဖြင့်  တိုက်မိခဲ့သဖြင့် ပြင်ဆင်ပေးမည်ဟုဆိုကာ လမ်းတွင် ဦးခင်မောင်ဌေး၏ ဦးခေါင်းအား အဝတ်စည်း၍ ရိုက်နှက်ကာ ခေါ်ဆောင်သွားခဲ့ပြီး ပြန်လွတ်လိုပါက ငွေကျပ် သိန်း(၂၅၀) အားပေးရမည်ဖြစ်ကြောင်း ခြိမ်းခြောက် တောင်းယူခဲ့ခြင်းဖြင့် ဓားပြမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၉၅ အရ ၎င်းတို့အား မေ ၁၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” စီ အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။ 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈) ရပ်ကွက်၌ ဧပြီ ၁၅ ရက်နေ့တွင် သန်းလှိုင်(ဘ)ဦးသန်းစိန်ဖိုး သည် ရာအိမ်မှူးတာဝန် ဆောင်ရွက်နေသူ ဦးသောင်းဝင်း အား “သတ်ပစ်မယ်၊ မီးရှို့မယ် ” ဟု ပြောဆိုကာ နေအိမ်ရှေ့တွင် ဓာတ်ဆီများ ပတ်ဖျန်းခြင်းဖြင့် ပြစ်မှုမကင်းသည့် ခြောက်လှန့်မှုကို ပြုခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၅၀၆(ဒုတိယပိုင်း) အရ ၎င်းအား မေ ၁၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အဆောက်အဦနှင့် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက် လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်