နေပြည်တော် မေ ၈
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၁,၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့ သည် မေ ၇ ရက် နံနက် ၁၁ နာရီတွင် မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာအနီး၊ မူဆယ်-နမ့်ခမ်း သွားကားလမ်းတွင် လိကွယ်ရှန်(၂၄)နှစ် မောင်းနှင်ပြီး ရန်တင်ဆူ(၂၅)နှစ် လိုက်ပါ လာသည့် Crown အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ငွေကျပ်သိန်း ၁,၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ အား ကွတ်ခိုင်မြို့နယ်မှ နမ့်ခမ်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၇ ရက် ည ၈ နာရီခွဲခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုံလို့ လမ်းတွင် စိုင်းသန်းဌေး(ခ)အိုက်ဌေး(၃၉)နှစ် မောင်းနှင်ပြီး အိုက်ရှဲန်(၆၁)နှစ် လိုက်ပါ လာ သည့် ALPHARD အမျိုးအစား မော်တော်ယာဉ်အားသတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ည ၁၀ နာရီခွဲတွင် တာချီလိတ် မြို့၊ ဆေခမ်းရပ်ကွက်၊ နတ်စင်လမ်းနေ နန်းဝိုးစံ(ခ)မြမြစံ(၆၅)နှစ်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀၊ ဆေး ခြောက် ၁ ဒသမ ၂ ကီလို၊ ထိန်းချုပ်ဓာတုဆေးရည် ၃၇ ဒသမ ၅ လီတာနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော် ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)