စစ်တွေ မေ ၇ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ရခိုင်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို မေ ၅ ရက် မွန်းလွဲပိုင်းက တွေ့ဆုံ၍ ခရီးစဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနနှင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီး ဌာနတို့ကို သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။ ဒုတိယဝန်ကြီးသည် မေ ၆ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်နယ်တာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်နယ်တာဝန်ခံများက ဌာန အလိုက် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် မြန်မာ့ စီးပွားရေးဘဏ်နှင့် ပင်စင်ဦးစီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးများကို သွားရောက်စစ်ဆေးသည်။ ဒုတိယဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့သို့ သွားရောက်စစ်ဆေးပြီး ရခိုင်ရိုးရာရက်ကန်းစက်ရုံသို့ သွားရောက် လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၁)ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တွင် အရေးပေါ်ကာလသတ်မှတ် စတင်ဆောင်ရွက်ခဲ့ ရမှုအခြေအနေ၊ နိုင်ငံ့ဝန်ထမ်း များထားရှိရမည့် ယုံကြည်ချက်၊ ခံယူချက်၊ အစိုးရ၏ မူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဝိုင်းဝန်း ကြိုးပမ်းဖြေရှင်း ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက် ကာကွယ်ထိန်းချုပ် သွားရေးနှင့် ဌာန/ အဖွဲ့အစည်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်