နေပြည်တော်၊ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ ဆူပူ အကြမ်းဖက်သူများ၏ အကြမ်းဖက် ရန်ပြုတိုက်ခိုက်ခဲ့မှုကြောင့် သစ်တောဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် သစ်တောဌာနမှ တောအုပ်ကြီး ဦးနန္ဒအောင်နှင့် တောအုပ် ဦးထွန်းမောင်ရှိန်တို့ပါ သစ်တောဝန်ထမ်း ၁၁ ဦးသည် 3R-xxxx SKAT ယာဉ်ပါ မော်တော်ယာဉ် ၂ စီးဖြင့် ကပိုင်ကျေးရွာမှ ယင်းမာပင်မြို့သို့ ထွက်ခွာလာခဲ့ရာ ရင်ပေါင်တိုင် ကျေးရွာအနီးအရောက်၌ ဦးဆောင်သူ (စိစစ်ဆဲ)ဆူပူအကြမ်းဖက်သူအင်အား ၃၀ ဦးခန့်က တုတ်၊ ဓားများကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် လမ်းအားပိတ်ဆို့ထားပြီး ဆဲဆိုကြိမ်းမောင်း ကာ ကျေးရွာအတွင်းမှ ဖြတ်သန်းခွင့်မပြုသဖြင့် သစ်တောဝန်ထမ်းများမှ ၎င်းတို့မောင်းနှင် လာသော ယာဉ် ၂ စီးအား နောက်သို့ ပြန်လှည့်မောင်းနှင်ခဲ့ပါသည်။
ထိုသို့မောင်းနှင်လာစဉ် ည ၈ နာရီခွဲအချိန် လက္ကဗြားကျေးရွာဇရပ်အနီးအရောက်တွင် လမ်းအား ပိတ်ဆို့တားဆီးခဲ့သည့် အကြမ်းဖက်သူများက ဆိုင်ကယ်များဖြင့် အနောက်မှ လိုက်လာကာ သစ်တောဝန်ထမ်းများအား ဆူပူအော်ဟစ်ခြိမ်းခြောက်ကာ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ ဝိုင်းဝန်း ထိုးခုတ်ရိုက်နှက်ခဲ့၍ သစ်တောဝန်ထမ်း ၂ ဦး တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဆူပူအကြမ်းဖက်သူများက သစ်တောဝန်ထမ်းများထံတွင် ပါလာသော ဖုန်းများအား အကြမ်းဖက်လုယက် ယူဆောင်သွား ခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပြီး ဆူပူအကြမ်းဖက်မှုအား ဦးဆောင်သူနှင့် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်