Skip to main content

ပညာရေးဝန်ကြီးဌာ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ကြားရေးဌာနများရှိ နည်းပြ၊ သရုပ်ပြ လျှောက်လွှာခေါ်ယူခြင်း တင်သွင်းရက်နှင့် စာမေးပွဲဖြေဆိုမည့် ရက် ပြင်ဆင်

နေပြည်တော် မေ ၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ကြားရေးဌာနများတွင် နည်းပြ၊ သရုပ်ပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)များ ခန့်ထားမည်ဖြစ်ပါသဖြင့် လျှောက်ထားလိုသူများသည် လျှောက်လွှာများ ကို  မေ ၅ ရက် အရောက်နောက်ဆုံးထား၍ တင်သွင်းလျှောက်ထားရမည့် အစား  မေ ၁၇ ရက် နောက်ဆုံးထား၍ တင်သွင်းလျှောက်ထားရန် ရက်တိုးမြှင့်ထားကြောင်း၊ ရေးဖြေစာမေးပွဲကို  မေ ၁၅ ရက်အစား  မေ ၂၉ ရက်တွင်လည်းကောင်း၊ လူတွေ့စာမေးပွဲကို     မေ ၂၉  ရက်နှင့် မေ ၃၀  ရက်အစား ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တွင်လည်းကောင်း ဖြေဆိုရန် ရက်တိုးမြှင့် ခွင့်ပြုထားကြောင်းနှင့် လျှောက်လွှာများကို အဆင့်မြင့်ပညာဦးစီးဌာနရှိ မိမိတာဝန် ထမ်းဆောင်လိုသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ (သို့မဟုတ်) သက်ဆိုင် ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ (သို့မဟုတ်) အဆင့်မြင့်ပညာဦးစီးဌာန (နေပြည်တော်) (သို့မဟုတ်) အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)သို့ တင်သွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။

 

(သတင်းစဉ်)