နေပြည်တော် မေ ၅
နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများ တွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရား အသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်း များအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်သည်။
အဆိုပါ အမှုဖွင့်လှစ်ထားသော ပညာရေးဝန်ထမ်းများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ဖော်ပြပါ ပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ နီးစပ်ရာရဲစခန်းများသို့ သတင်းပေးပို့ရန်နှင့် လက်ခံ ထားရှိသူများအားလည်း တရား ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သတင်းစဉ်