နေပြည်တော် မေ ၅
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေး ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၁)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဘာသာရပ် ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ညှိနှိုင်းဆွေးနွေး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေ အရ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုအခါ ကာကွယ်ထိန်းချုပ်ထားနိုင်မှုအခြေအနေ ပိုမိုကောင်းမွန်လာသည်ကို တွေ့ရသဖြင့် ဖြစ်ပေါ်လာ သည့် အခြေအနေနှင့်အညီ ကော်မတီအနေဖြင့် လုပ်နည်းလုပ်ဟန် ပြင်ဆင်ဆောင်ရွက်သွားရန် လိုပါ ကြောင်း၊ ပြည်တွင်း၌ ကိုဗစ်- ၁၉ ၏ သက်ရောက်မှု အပေါ် ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် ရေးဆွဲထား သောကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာစေရေး စီမံချက် (CERP)အရ စီးပွားရေးလုပ်ငန်းများအတွက် သာမကအခြား သောဘဏ္ဍာရေး ဖြေလျှော့ပေးမှုများ၊ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး လုပ်ငန်းစဉ်များ၊ ကျန်းမာရေးကဏ္ဍအဆင့်မြှင့်တင်မှု လုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံ zos (Myanmar Economic Recovery Plan MERP) ကို ရေးဆွဲ၍ ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေး လျက်ရှိပါကြောင်း။
တိုးမြှင့်လုပ်ဆောင်
လက်ရှိအခြေအနေတွင် မိမိတို့ အိမ်နီးနားချင်း ဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ အပြင် ကမ္ဘာ့နိုင်ငံအချို့၌ ကိုဗစ်-၁၉တတိယလှိုင်း၏ ကူးစက်ပျံ့နှံ့မှုနှင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါ သဖြင့် ယင်းအခြေအနေတို့အပေါ် လေ့လာသုံးသပ်၍ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်း ကိရိယာအပါအဝင် လိုအပ်ချက်များကို မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အညီ အချိန်မီ ပူးပေါင်းပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ကာကွယ်ရေး၊ ကုသရေးနှင့် ပညာပေး လုပ်ငန်းများ အရှိန်မပျက် ဆက်လက်လုပ်ဆောင် သွားရန် အရေးကြီးသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရန်၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများအတွက် လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနအနေဖြင့် တိုးမြှင့်လုပ် ဆောင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အကြံပြုတင်ပြ
ယင်းနောက် ကော်မတီအဖွဲ့ဝင်များက ဆေးနှင့် ဆေးပစ္စည်းကိရိယာများအား လေကြောင်းလိုင်းများ ဖြင့် နိုင်ငံတစ်ဝန်း သယ်ယူပို့ဆောင်ပေးမှု အခြေ အနေများ၊ CERP အရ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဝယ်ယူထားသည့် ဆေး နှင့် ဆေးပစ္စည်းများ အခြေအနေ၊ ဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံ/အဖွဲ့အစည်းများမှ လှူဒါန်းထားသည့် ပစ္စည်းများ လက်ခံရရှိမှု အခြေအနေ၊ လက်ရှိ ပြည်တွင်း ကူးစက်မှုများ အတွက် လိုအပ်သော ဆေးနှင့် ဆေး ပစ္စည်းများကို ထပ်မံဝယ်ယူရမည့် ကိစ္စရပ်များ၊ ဆက်စပ် လုပ်ငန်းစဉ်များနှင့် အသီးသီးဆွေးနွေး အကြံပြုတင်ပြကြသည်။
သတင်းစဉ်