Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် (၇၅) နှစ်မြောက် စိန်ရတု မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် မေ ၅၊ (၇၅) နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၅) စွယ်တော်မြတ်စေတီ အနီးရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ဝင်းအတွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက် မိန့်ခွန်းပြောကြားသည်။ အခမ်းအနား ပထမပိုင်း အစီအစဉ်အဖြစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ သီတာ ခန်းမ၌ မိန့်ခွန်းပြောကြားခြင်းနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခြင်းအစီအစဉ်များ ကျင်းပခဲ့ပြီး ( ဒုတိယပိုင်း အစီအစဉ်အဖြစ် စစ်ရေးပြကွင်းတွင် ခေတ်အဆက် ဆက်ကမီးသတ်သမားများအသုံး ပြုခဲ့သည့် ရှေးဟောင်း မီးသတ် ယာဉ်/ စက်များ၊ ခေတ်မီ မီးသတ်ယာဉ် စက်များ၊ မီးသတ်ပစ္စည်း ကိရိယာများ၊ ဓာတ်ပုံပြခန်းများ လေ့လာ ကြည့်ရှုခြင်း အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအစီအစဉ်ပထမ ပိုင်းတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မီးသတ်တပ်ဖွဲ့ဝင်များ အတွက် ပေးအပ်သည့် ဂုဏ်ပြုဆုငွေကျပ် သိန်း ၁၀၀ နှင့် ဆန်အိတ် ၂၀၀ ၊ ဆီ၁၁၅၆ပိဿာ၊ ကုလားပဲပိဿာ ၆၀၀၊ ဆား ၁၃၀၈ ပိဿာတို့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူထံပေး အပ်သည်။ အခမ်းအနားများသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်