Skip to main content

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ(ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်များ၊ ပညာရေးဒီဂရီကော လိပ်များ) ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲ ကြီးကြပ်မှုမွမ်း မံသင်တန်းဖွင့်လှစ်

နေပြည်တော် မေ ၅

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ (ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များ) ဘဏ္ဍာရေးဆိုင်ရာစီမံ ခန့်ခွဲကြီးကြပ်မှုမွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊  ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့်ပညာရေး ဒီဂရီကောလိပ်များမှ သင်တန်းသား ဘဏ္ဍာရေးတာဝန်ခံအရာရှိကြီးများ၊ ရာထူးတိုးခန့်အပ်သော စီမံ/ဘဏ္ဍာ ဌာနမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနအသီးသီး၌ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပိုမို တိုးတက်လာစေရေး ရည်ရွယ်ချက်ဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသို့ အပြည့်အဝ တက်ရောက် လာကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဝန်ထမ်း ဖြစ်လာပါက နေရာသစ် ပတ်ဝန်းကျင်သစ်တွင် ဗဟုသုတ၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အသွေး အတွေ့အကြုံ များ ရရှိရေး အတွက် နေရာဒေသမရွေး တာဝန်ထမ်းဆောင် နိုင်ရမည်ဟု ခံယူထားကြစေ လိုပါကြောင်း၊  ဝန်ထမ်းအားလုံးသည် မည်သည့်အစိုးရ တက်တက်  ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် မိမိအလုပ်ကို အောင်မြင်အောင် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံးသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိကြရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများကို တာဝန်ယူ တာဝန်ခံဆောင်ရွက် နေကြရသည့် ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  အကန့် အသတ်ဖြင့် ခွင့်ပြုချက်ရရှိထားသော ဘဏ္ဍာရေးရန်ပုံငွေများကို အကျိုးရှိ ထိရောက် မှန်ကန်စွာအသုံး ပြုနိုင်ရန်လို အပ်ပါကြောင်း၊ မိမိတို့၏ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၏ နိုင်ငံ့တာဝန်ထမ်းဆောင်မှုကို အောင်မြင်စေရေးအတွက် ပံ့ပိုး ပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လက်အောက် လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်ဝန်းကျင် အပေါ် မာန်မာနမထားဘဲ လုပ်ငန်းစည်း ကမ်းဘောင်အတွင်း ကိုယ်ချင်းစာ တရား မေတ္တာများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ ထိရောက်သောဘဏ္ဍာရေး စီမံခန့်ခွဲမှုများဖြင့်  ပညာရေး အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများကို အမှားအယွင်း မရှိ အကောင်အထည်ဖော် ဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဘဏ္ဍာရေး စီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု အရည်အသွေးမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

ထို့နောက် သင်တန်းကို ဘာသာရပ် ၃ ခုခွဲခြား၍ ဆက်လက်ပို့ချရာ စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်လျာထားသုံးစွဲခြင်း (Planning and Budgeting) ၊ ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှု (Financial Management) နှင့် ဘဏ္ဍာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ (Financial Rules and Regulatiions) ကို မေ ၅ ရက်မှ ၆ ရက်အထိ သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)