နေပြည်တော် မေ ၅
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတာသိန်းဇော် တို့သည် ယနေ့ မွန်းလွဲ (၃)နာရီခန့်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် လာရောက် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများမှ ရုံးများဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေများ၊ တောင်ပေါ်ဒေသဖြစ်သည့်အတွက် မြေဖြတ်၊ မြေညှိလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်မှုနှင့် ဘတ်ဂျက်ထည့်သွင်းလျာထား ဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊ ဝန်ထမ်းသစ်များ ခန့်ထားရာတွင် ဒေသခံများ ဦးစားပေးခန့်ထားရန်လို အပ်မည့်အခြေ အနေများ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တိုက်ပွဲ ရှောင်ပြည်သူများ၏ စားနပ်ရိက္ခာလိုအပ်မှု အတွက် ထောက်ပံ့ကူညီ ပေးနိုင်မည့် အခြေအနေများ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဖြည့်စွက်ပံ့ပိုးကူညီရန် လိုအပ်မှုအခြေအနေများ၊ မူကြိုကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် ဖြည့်ဆည်းကူညီဆောင်ရွက် ပေးရမည့်အခြေအနေများ နှင့်ပတ်သက်၍ အပြန်အလှန်ရင်းရင်းနှီးနှီး ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)