Skip to main content

မြို့နယ်အချို့၌ နိုင်ငံတော်ပိုင်အဆောက်အဦးများအား ဆူပူအကြမ်းဖက်သူများမှ မီးကွင်း၊ မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်

 

နေပြည်တော်၊ မေ

ဆူပူအကြမ်းဖက်လူအုပ်စုများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ နိုင်ငံတော်ပိုင် အဆောက် အဦးများအား မီးကွင်း၊ မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊  မီးရှို့ဖျက်ဆီးခြင်း တို့ ပြုလုပ်ဆောင် လျက်ရှိသည်။ 

ထိုသို့လုပ်ဆောင်လျက်ရှိရာ မေလ ရက်နေ့ နံနက် နာရီခွဲအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင် ကျွန်းမြို့နယ်၊ ကျုံလမုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ် လိုင်းခန်းအား လည်းကောင်း၊ နာရီ ၅၅ မိနစ် အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်း ရပ်ကွက်၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးအားလည်းကောင်း၊ ယနေ့နံနက် နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ မနော်ဟရီလမ်း၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြားရှိ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအားလည်းကောင်း၊ နံနက် နာရီအချိန်တွင် နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ လယ်ဝေးမြို့နယ်၊ သဲကောလေးကျေးရွာရှိ ဒုတိယမြို့နယ်ပညာရေးမှူး၏ နေအိမ်အား လည်းကောင်း ဆူပူ အကြမ်းဖက်သမားများက မော်တော်ဆိုင်ကယ်များဖြင့်လာရောက်၍ မီးပုလင်း များ၊ မီးကွင်းများဖြင့်ပစ်ပေါက်ခဲ့ရာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့သည်။ အဆိုပါမီးလောင်မှု များကြောင့် နေအိမ်အဆောက် အဦများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ မီးလောင် ပျက်ဆီးခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား