Skip to main content

ဒုတိယဝန်ကြီး ဦးမင်းထိန် ကရင်ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း ၊ တံတား ၊ မြို့ပြအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများနှင့် ကျေးလက်လမ်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မေ ရက် ညနေပိုင်း တွင် မြဝတီမြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်နေသည့် စုပေါင်းဝန်ထမ်း အိမ်ရာသို့ကြည့်ရှုရာ ညွှန်ကြားရေးမှူး၊ ဦးသူရိန်က  အသေးစိတ်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင် ရွက်ရန်နှင့် အရည် အသွေးများ ကောင်းမွန်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်() တံတား(မြဝတီ)ကို မြန်မာဘက်ကမ်းမှ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြဝတီမြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ရေပူကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်နိုင် ထွန်းက လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကျေးလက် လမ်းများဖွံ့ဖြိုးတိုးတက်မှ ကျေးရွာနေပြည်သူများ၏ ပညာရေး ကျန်းမာရေး လူမှုရေး စီးပွားရေးလုပ်ငန်းများတိုးတက် လာမည်ဖြစ်ပါကြောင်းနှင့် လူနေမှုအဆင့်အတန်း မြင့်မား တိုးတက်လာမည်ဖြစ်၍ အလေးထားဆောင်ရွက်ရန် မှာကြားသည်။              

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံ - နောင်လုံ လမ်းပိုင်း () မိုင် - () ဖာလုံ နိုင်လွန် ကတ္တရာခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ လမ်းပိုင်းသည် B.O.T စနစ်ဖြင့် ဆောင်ရွက် လျက်ရှိပြီး လမ်းအရှည်(၁၃)မိုင် ရှိပါကြောင်းနှင့် ၎င်းလမ်းပိုင်းနိုင် လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းပြီးစီးပါက ဘားအံ -အိန္ဒု-မြဝတီလမ်းပိုင်းတစ်ခုလုံး နိုင်လွန် ကတ္တရာ လမ်းအဆင့် ရရှိမည်ဖြစ်ပြီး ဒေသတွင်း ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့၍ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာပြီး ကုန်စည် စီးဆင်းမှုများမြန်ဆန်လာမည် ဖြစ်ပါကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲ့လမ်းပိုင်း နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

မေ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ကရင်ပြည်နယ် လမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေး မှူး(မြို့ပြ)ရုံးတွင် လမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဆောင်ရွက် နေသည့် တည်ဆောက်ရေးလုပ် ငန်းများ စစ်ဆေးခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ အရေးကြီးသည့်ဦးဆောင်မှု အပိုင်းတွင် ပါရှိပါကြောင်း လမ်းကဏ္ဍသည် အထူးဆောင်ရွက်နေ ရပါကြောင်း၊ နည်းပညာကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးရမည်ဖြစ်ပါကြောင်း၊ လမ်းများ သည် ကွန်ယက် သဖွယ်ချိတ်ဆက် လျက်ရှိပြီး လမ်းအရည်အသွေးကောင်းရန် အလေးထားရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များသည် ပါတီနိုင်ငံ ရေးကင်းရှင်းရမည်ဖြစ်ပြီး ပေးအပ်သည့် တာဝန်များကိုအလေးအနက်ထားထမ်းဆောင်ရ မည်ဖြစ် ပါကြောင်း၊ မိမိအဖွဲ့အစည်းကို အမြဲတမ်းစည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ကြရန် မှာကြား သည်။

ယင်းနောက် တက်ရောက်လာကြသည့် ဝန်ထမ်းများ၏ တင်ပြချက်များကို ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)